ဆံပင်ဖြူခြင်းအတွက် အလွယ်တကူကုသနည်း

ပရိသတ်ကြီးရေ အသက် ၄၀ ကျော်အရွယ်ရောက်လို ့ဆံပင်ဖြူတာပဲဖြစ်ဖြစ် အသက် ၂၀ ကျော်နဲ ့အရွယ်မတိုင်ခင်မှာ ဆံပင်ဖြူလာတာပဲဖြစ်ဖြစ် အလွယ်တကူကုသနိုင်တဲ့ နည်းလမ်းလေးရှိပါတယ်။

ဆံပင်ဖြူလာရခြင်းဟာ ဆံပင်အရောင်ကို ဖြစ်စေတဲ့ ရောင်ခြယ်ဆဲလ် melanin ထုတ်လုပ်မှုနည်းလာတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။

မျိုးရိုး စိတ်ဖိစီးမှု နဲ ့အာဟာရချို ့တဲ့မှုတွေကြောင့်လည်း ဆံပင်ဖြူလာစေပါတယ်။

အရွယ်မတိုင်ခင် ဆံပင်ဖြူခြင်းဟာ မျိုးရိုးတစ်ခုတည်းကြောင့်မဟုတ်ဘဲ အင်တီအောက်စီးဒင့်တစ်မျိိုးဖြစ်တဲ့ catalase ဓါတ်ချို ့တဲ့ခြင်းနဲ ့ဆံသားအခြေမှာ hydrogen peroxide တွေစုပုံနေခြင်းက အဓိက အကြောင်းအရင်းဖြစ်ပါတယ်။

ဆံပင်မဖြူစေဖို ့အတွက် အကောင်းဆုံးနည်းလမ်းလေးရှိပါတယ်။

အဲ့ဒါကတော့ ကြက်သွန်နီရည်ပါ။

ကြက်သွန်နီက ထွက်တဲ့အရည်မှာ catalase ပမာဏကို မြင့်တက်စေနိုင်တဲ့အတွက် ပုံမှန်အရောင်ကို ပြန်ရစေနိုင်ပါတယ်။

အဲ့ဒီကြက်သွန်နီရည်ထဲကို သံပုရာရည်တစ်ဇွန်းထည့်ပြီး ဦးရေပြားကို လိမ်းပေးပါကလည်း ဆံပင်ထူထပ်စေပြီး အဆီပြန်ခြင်း

ဗောက်ထခြင်းကိုပါ ကင်းဝေးစေပါတယ်။

ပြုလုပ်နည်းကတော့ ကြက်သွန်နီကိုကြိတ်ပြီး ထွက်လာတဲ့ အရည်ကို လက်ဖက်ရည်ဇွန်း ၃ ဇွန်းစာခန် ့ယူပြီး သံပုရာသီး အရည်ညှစ်ပြီးသား

လက်ဖက်ရည်ဇွန် း၂ ဇွန်းစာခန် ့နဲ ့ရောပါ။

ရရှိလာတဲ့အရောကို ဆံသားနဲ ့ဦးရေပြားပေါ်ကို လိမ်းပြီး မိနစ် ၃၀ ကြာရင် ခေါင်းလျှော်ရည် အပျော့စားနဲ ့ပြန်လျှော်ပေးပါ။

ဒီနည်းလမ်းလေးကို တစ်ပတ်ကို ၅ ရက်ခန် ့ပြုလုပ်ပေးပါက နှစ်ပတ်အတွင်း ဆံပင်ဖြူခြင်းသိသိသာသာပျောက်ကင်းတဲ့အပြင်

ဆံသားပါးခြင်းနဲ ့ဆံနွယ်ကျွတ်ခြင်းအတွက်ပါ ကာကွယ်ပေးတာကို တွေ ့မြင်နို်င်ပါတယ်။ 

သတင်းအရင်းမြစ် Dr. Aye Min Htoo

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။