ပရိသတ်ကြီးရေ ဒီတစ်ခါမှာတော့ ကမ္ဘာတစ်ဝှမ်းရှိ လူဦးရေ အထူထပ်ဆုံးနိုင်ငံတွေထဲကမှ တစ်ခု ဖြစ်တဲ့ "Port Louis, Mauritius" ပို့လူးဝစ်စ်၊ မောရစ်သျှ နိုင်ငံအကြောင်းကို ဖော်ပြပေးသွားမှာပါ။ ၇၈၈ စတုရန်းမိုင်သာ ကျယ်ဝန်းတဲ့ မောရစ်သျှဟာ ၂၀၁၂ ခုနှစ် လူဦးရေစာရင်း အရ နေထိုင်သူ ၁၂၉၁၄၅၆ ရှိသဖြင့် ကမ္ဘာပေါ်တွင် လူဦးရေ အထူထပ်ဆုံး နိုင်ငံစာရင်းတွင် ပါဝင်ခဲ့ပါတယ်။

photo credit pngtree

နိုင်ငံ၏ လူဦးရေ ထူထပ်မှု အချိုးဟာ တစ်စတုရန်းမိုင်တွင် ၁၆၃၈ ယောက်ဖြစ်ပါတယ်။ မောရစ်သျှနိုင်ငံရဲ့ မြို့တော် ပို့လူဝစ်ဟာ လူဦးရေ ၁၄၈၀၀၁ ဦး နေထိုင်လျက်ရှိပြီး ကျန်လူဦးရေ တစ်သန်း ကျော်ကတော့ အိန္ဒိယသမုဒ္ဒရာအတွင်းရှိ မောရစ်သျှနိုင်ငံပိုင် ကျွန်းများပေါ်တွင် နေထိုင်ကြတာ ဖြစ်ပါတယ်။

photo credit pngtree

ဥရောပ တိုက်သားများ ၁၇ ရာစုတွင် တွေ့ရှိခဲ့တဲ့ Dodo အမည်ရှိ တိုင်းရင်းမျိုးနွယ် ငှက်များဟာ လူဦးရေ မဟုတ်သော်လည်း မောရစ်သျှနိုင်ငံရဲ့ ငှက်ဦးရေစာရင်းမှ မျိုးတုံးပျောက် ကွယ်ခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီအချိန်အခါတုန်းက မောရစ်သျှ ကျွန်းများတွင် လူဦးရေ ၅၀ သာရှိပြီး Dodo များဟာ လူများကို ကြောက်ရွံ့မှုမရှိခဲ့ပါဘူး။ နောက်ပိုင်းမှာတော့ လူများရဲ့ ဖမ်းဆီးမှုများ၊ သတ်ဖြတ်စားသောက်မှုများကြောင့် ပျောက်ကွယ် သွားခဲ့တာ ဖြစ်ပါတယ်။

source မောင် သာ ရှေးဟောင်းသုတေသန

photo credit pngtree

photo credit pngtree

သတင်းဖော်ပြခွင့်ပေးတဲ့ "မောင် သာ ရှေးဟောင်းသုတေသန"ကို ကျေးဇူးတင်ရှိပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။