တောင်ကြီးကလေးစာပေပွဲတော်တက်ရောက်ဖွင့်လှစ်ပေးတဲကလေးချစ်တဲ့သမ္မတကြီး

စာ‌ရေးဆရာကြီးမင်‌းသုဝဏ်‌ဟာက‌လေး‌တွေအတွက်‌အသံချိုချိုက‌လေးကဗျာ‌လေး‌တွေ၊က‌လေး‌တွေဖတ်‌ဖို့စာ‌လေး‌တွေအများကြီး‌ရေးသားခဲ့တဲ့စာဆို‌တော်‌ကြီးပါ။စာ‌ရေးဆရာကြီးမင်‌းသုဝဏ်‌ဟာလက်‌ရှိနိုင်‌ငံ‌တော်‌သမ္မတကြီးဦးထင်‌‌ကျော်‌ရဲ့ဖခင်‌ပါ။ဖခင်‌လိုပဲသမ္မတကြီးဟာက‌လေး‌ချစ်‌တတ်‌သူပါ။

‌တောင်‌ကြီးမြို့မှာကျင်‌းပ‌နေတဲ့‌တောင်‌ကြီးက‌လေးစာ‌ပေပွဲ‌တော်‌ကို သမ္မတကြီးတက်‌‌ရောက်‌ဖွင်‌့လှစ်‌‌ပေးခဲ့ပါတယ်‌။

ဒီပွဲ‌တော်‌မှာက‌လေး‌တွေအတွက်‌၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲ၊ ကျပန်း စကားပြောပြိုင်ပွဲ၊ စက္ကူခေါက်ပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲများ၊ ဂိမ်းကစားပွဲများ၊ ပန်းချီပြိုင်ပွဲ‌တွေပါဝင်‌ပါတယ်‌။က‌လေး‌တွေဖတ်‌ဖို့က‌လေးစာအုပ်‌‌တွေလည်‌းစာအုပ်‌တိုက်‌‌တွေကပါဝင်‌‌ရောင်‌းချသွားကြမယ်‌လို့သိရပါတယ်‌။က‌လေးစာ‌ပေပွဲ‌တော်‌ကိုဇွန်‌လ (၂)ရက်‌‌နေ့က‌နေ ဇွန်‌လ (၄)ရက်‌‌နေ့အထိ‌တောင်‌ကြီးတက္ကသိုလ်‌မှာကျင်‌းပ‌ပေးသွားမယ်‌လို့သိရပါတယ်‌။

Source-MOI

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။