တေးသံရှင်မလေး ပိုပိုကတော့ လူငယ်ပရိသတ်တွေကြားမှာ အရမ်းကိုရေပန်းစားအောင်မြင်နေတဲ့ အဆိုတော်တစ်ဦးအဖြစ် အသိအမှတ်ပြုခြင်းခံထားရတာ ဖြစ်ပါတယ် ။ အသံကောင်းသလို တေးသီချင်းကောင်းကောင်းလေးတွေကိုလည်း ဖန်တီးတတ်တဲ့ ပိုပိုက တစ်ကိုယ်တော်တေးအယ်ဘမ်တွေ ထွက်ရှိအောင်မြင်ခဲ့တာလည်း ဖြစ်ပါတယ် ။ ဒါ့အပြင် ပိုပိုက မကြာသေးခင်ကလည်း တစ်ကိုယ်တော်ရှိုးပွဲကြီးတစ်ခုကို ကျင်းပပြုလုပ်နိုင်ခဲ့တာ ဖြစ်ပါတယ် ။

Photo Credit- " ပိုပို " FB Page
Photo Credit- " ပိုပို " FB Page
Photo Credit- " ပိုပို " FB Page

လက်ရှိမှာတော့ ပွဲအခမ်းအနားတွေကျင်းပခွင့်ပိတ်ထားတာကြောင့် ပိုပိုအနေနဲ့ အိမ်မှာပဲအနားယူနေတာ ဖြစ်ပါတယ် ။ ဒါပေမယ့်လည်း မနေ့ကတော့ ပိုပိုတစ်ယောက် Quarantine ဝင်နေရတဲ့သူတွေကို တေးသီချင်းတွေနဲ့သွားရောက် ဖျော်ဖြေပေးခဲ့ပါတယ်။ ပိုပိုက သင်္ကြန်သီချင်းလေးတွေသီဆိုခဲ့သလို ကိုယ်တိုင်ကပြပြီး ပျော်ပျော်ပါးပါး ဖျော်ဖြေခဲ့တာလည်း ဖြစ်ပါတယ် ။

Photo Credit- " ပိုပို " FB Page
Photo Credit- " ပိုပို " FB Page
Photo Credit- " ပိုပို " FB Page

ပိုပိုက "Quarantine ဝင်တဲ့ သူတွေအတွက် ပိတောက်တစ်ခက် ရေတစ်ခွက် လက်ဆောင်ပေးခဲ့ပါတယ် ကျန်းမာ ချမ်းသာကြပါစေရှင် ချစ်စရာ ကောင်းတဲ့ ဓလေ့ရိုးရာ ကိုယ်ချစ်တဲ့သူတွေပျော်ရင် ပိုလဲ ပျော်တယ် ကျန်းမာချမ်းသာကြပါစေနော် "ဆိုပြီး ဗီဒီယိုလေးတွေကို တင်ပေးထားတာ ဖြစ်ပါတယ် ။ ကဲ ချစ်ပရိသတ်တွေအတွက် အဆိုတော်မလေး ပိုပိုရဲ့ဗီဒီယိုဖိုင်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source & Video Credit- " ပိုပို " FB Page

Photo Credit- " ပိုပို " FB Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။