မော်ဒယ်လ်သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ ဥက္ကာမင်းမောင်ကတော့ ဗီဒီယိုခေတ်တုန်းကဆိုရင် ဇာတ်ကားတွေအများအပြားမှာပါဝင်သရုပ်ဆောင်ခဲ့ပြီး ပရိသတ်တွေအားပေးချစ်ခင်ရတဲ့မင်းသားတစ်လက်ဖြစ်ပါတယ်နော်။ဥက္ကာမင်းမောင်က အခုချိန်မှာဆိုရင် နယူးယောက်မြို့မှာပဲအခြေကျနေထိုင်နေတာ နှစ်ပေါင်းမနည်းကြာမြင့်နေပါပြီနော်။ဥက္ကာမင်း‌မောင်ကတော့ ချစ်ရတဲ့သူနဲ့အတူ ပျော်ရွှင်အေးချမ်းစွာနဲ့ နေထိုင်နေတာဖြစ်ပါတယ်။

Photo Credit:Okkar Min Maung's Facebook page
Photo Credit:Okkar Min Maung's Facebook page

ဥက္ကာမင်းမောင်ကို အနုပညာအလုပ်တွေမလုပ်တော့ပေမယ့်လည်း ပရိသတ်တွေကချစ်ခင်အားပေးနေကြဆဲပါနော်။တစ်ခါတစ်လေတော့မြန်မာပြည်ကိုပြန်လာလည်ပြီး အနုပညာအလုပ်လေးတွေအနည်းအကျဉ်းလုပ်ဆောင်ပါတယ်။ဥက္ကာမင်းမောင်က အိမ်မှာလည်း ချစ်စရာခွေးသေးသေးလေးတွေကို မွေးထားပြီး ချစ်သူနဲ့အတူ ပျော်ရွှင်ချမ်းမြေ့တဲ့ဘဝလေးတစ်ခုကိုတည်ဆောက်ထားလို့ ကြည်နူးစရာအရမ်းကောင်းပါတယ်နော်။

Photo Credit:Okkar Min Maung's Facebook page
Photo Credit:Okkar Min Maung's Facebook page
Photo Credit:Okkar Min Maung's Facebook page

အခုဆိုရင်တော့ ဥက္ကာမင်းမောင်က"ဆံပင်ညှပ်ဆိုင်တွေအကုန်ပိတ်တော့ အီဖေကိုယ်ပဲ သူ့ဆံပင်တွေညှပ်ပေးရတာပေါ့.. ဘယ်သူ့ကိုမှ တစ်ခါမှ မညှပ်ပေးဖူးဘူး.. ဘယ်သင်တန်းမှလဲ မတက်ဖူးဘူး.. မကောင်းရင် ကတုံးတုံးပစ်မယ် စိတ်ကြိုက်လုပ်တဲ့ဆိုလို့ ကိုယ်လဲ ညှပ်ပစ်တာပေါ့...၂ နာရီလောက်ကြာတယ်..ပုံထွက်လာတော့ ညှပ်ပေးတာ ကြိုက်တယ်တဲ့.. ဆံပင်ပဲညှပ်စားပါလားတဲ့.. အဲ့လိုအားပေးတာ.. ဘာပဲဖြစ်ဖြစ်ကိုယ် ညှပ်ပေးတာလေးကြိုက်တယ်ဆိုတော့ ပျော်ပါတယ်.. ကတုံး မတုံးလိုက်ရလို့တော်သေး သြော် Covid19 ကြောင့်ကိုယ်လည်း နေရင်းထိုင်ရင်း ဆံပင်ညှပ်ဆရာဖြစ်ဖူးသွားပြီ"ဆိုပြီး ချစ်သူနှစ်ယောက်ပုံရိပ်လေးကို မျှဝေလာတာဖြစ်ပါတယ်။

Photo Credit:Okkar Min Maung's Facebook page
Photo Credit:Okkar Min Maung's Facebook page

Source&Photo Credit:Okkar Min Maung's Facebook page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။