ပရိတ်သတ်ကြီးရေ.......တောင့်တင်းလှပတဲ့ခန္ဓာကိုယ်အချိုးအစားကိုပိုင်ဆိုင်ထားပြီး ပုရိသတွေရဲ့အသည်းကိုဖမ်းစားနိုင်တဲ့ နာမည်ကြီးမင်းသမီးတွေထဲမှာ အိချောပိုတစ်ယောက်လည်း အပါအ၀င်ဖြစ်ပါတယ်။

ကျရာဇာတ်ရုပ်ကိုလည်း အပီအပြင်သရုပ်ဆောင်နိုင်တဲ့ အိချောပိုဟာ ဗီဒီယိုဇာတ်ကားများကနေအနုပညာလောကထဲစတင်၀င်ရောက်လာပြီး ယခုဆိုရင်ရုပ်ရှင်ကားကြီးများကိုပါရိုက်ကူးနေပြီဖြစ်ပါတယ်။

Photo credit-Ei Chaw Po's Facebook acc
Photo credit-Ei Chaw Po's Facebook acc

အိချောပိုဟာ လတ်တလောတွင် အလှူဒါနများကိုလည်းတတ်နိုင်သလောက်လုပ်ကိုင်နေတာဖြစ်ပြီး စေတနာကောင်းတဲ့မင်းသမီးချောလေးပါနော်။ သူမဟာရုပ်ရှင်ကားကြီးများကိုလည်း အဆက်မပြတ်ရိုက်ကူးနေတာဖြစ်ပြီး မကြာခင်ကရုံတင်ပြသခဲ့တဲ့ ပလေယာရုပ်ရှင်ကားကြီးဟာလည်းအောင်မြင်မှုများစွာရရှိခဲ့တာပါ။ ပရိတ်သတ်ကြီးလည်းအိချောပိုကို ချစ်ခင်အားပေးကြမယ်မလား။

Photo credit-Ei Chaw Po's Facebook acc
Photo credit-Ei Chaw Po's Facebook acc

အိချောပိုဟာ မကြာသေးမီကသူမရဲ့ Facebookစာမျက်နှာတွင် "ယနေ့တတ်နိုင်သမျှအလှူလေးလုပ်ဖြစ်ခဲ့ပါတယ်ဘုန်းကြီးကျောင်းနဲ့ သီလရှင်ကျောင်း ၂ ကျောင်းစာ ဆန် ၃အိတ် ဆီ ၃ပိဿာ ၃ပုံး ရေကဒ် ၂၀ အလှူ စော်ဘွားကြီးကုန်း ရပ်ကွက်ကြီး (၁၁) မှာ အိမ်ခြေ ၁၀၀ စာအတွက် ဆန် ၅ပြည် ဆီ ၅၀သား အလှူ လှူဖို့အတွက် စနစ်တကျလေးဖြစ်အောင် ဝိုင်းဝန်းကူညီပေးကြတဲ့ ဘုန်းဘုန်းကြီး ၊ ရပ်ကွက်လူကြီးများ ၊ တာဝန်ရှိသူများအားလုံးကျေးဇူးတင်ပါတယ်ရှင့် အိမ်ခြေ ၅၀၀ ကျော်ရှိ စော်ဘွားကြီးကုန်းကရပ်ကွက်ကြီးများမှာ လှူဒါန်းချင်သူများလည်း သွားရောက်လှူဒါန်းလို့ရပါတယ်ရှင့်" ဆိုပြီးရေးသားထားပါတယ်။ ပရိတ်သတ်ကြီးအတွက် အိ‌ချောပိုရဲ့အလှူပုံရိပ်လေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo credit-Ei Chaw Po's Facebook acc
Photo credit-Ei Chaw Po's Facebook acc

Source-Ei Chaw Po's Facebook acc

Photo credit-Ei Chaw Po's Facebook acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။