ချစ်ပရိသတ်ကြီးရေ သရုပ်ဆောင် မင်းသမီးချောလေး ခင်လေးနွယ် ကတော့ ဆယ်စုနှစ်တစ်စုတိုင် အနုပညာလောကမှာ ရပ်တည်နေပြီး ဗီဒီယိုရုပ်ရှင်ဇာတ်ကားတွေများစွာမှာလည်း ပါဝင်သရုပ်ဆောင်ခဲ့ပြီး ပရိသတ်က အခိုင်အမာလက်ခံအားပေးနေရတဲ့ သူလေးပဲ ဖြစ်ပါတယ်နော်..။ သူမက အမြဲပျော်ပျော်ရွှင်ရွှင် နေတက်သလို သူတစ်ပါးပေါ်မှာလည်း ကူညီတက်ပြီး စိတ်သဘောထား ပြည့်ဝတဲ့သူလေးဖြစ်လို့ သူမရဲ့ ချစ်ပရိသတ်တွေက အချစ်ပိုနေကြတာပဲဖြစ်ပါတယ်။

Photo credit - Khin Lay Nwe's fb account
Photo credit - Khin Lay Nwe's fb account

တိုင်းရင်းသူလေးဖြစ်တဲ့ သူမက စကားပြောဆိုပွင့်လင်းပြီး ရိုးသားဖြူစင်တာကြောင့် ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုအပြင် အနုပညာရှင်မောင်နှမတွေရဲ့ ချစ်ခင်မှုတွေရရှိထားတဲ့ သူလေးပဲဖြစ်ပါတယ်။ ယခုလက်ရှိမှာတော့ သူမက ချစ်ပရိသတ်တွေ အိမ်မှာနေရင်း အလွမ်းပြေစေရန်အတွက် ပုံလေးတွေကို တင်ပေးလါတာပဲ ဖြစ်ပါတယ်။ ပုံလေးတွေတိုင်းက ချစ်စရာကောင်းပြီး ဆွဲဆောင်မှုရှိရှိ လှနေတာကြောင့် ချစ်ပရိသတ်ကြီး ကြည့်ရှုစေနိုင်ရန်အတွက်ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်..... ။

Photo credit - Khin Lay Nwe's fb account
Photo credit - Khin Lay Nwe's fb account
Photo credit - Khin Lay Nwe's fb account

ခင်လေးနွယ်က သူမရဲ့ ပုံရိပ်လေးတွေအပြင် " အော်... အလုပ်တွေသေချာလုပ်မယ်

ပိုက်ဆံရှာမယ်ပေါ့ ကြိုးစားရုန်းကန်ရင်း အကောင်အထည်လေးပေါ်လာတဲ့အချိန်မှာ မထင်မှတ်ထားတဲ့ ရောဂါပိုးကြောင့် ကိုယ့်အစီစဉ်တွေအားလုံး ဖြစ်မလာခဲ့ဘူး ငါကံဆိုးလိုက်တာလို့ တွေးကြည့်လိုက်တဲ့အချိန်မှာ

အပြင်ထွက်ရတာ ခရီးသွားရတာ အရမ်းကြိုက်တဲ့

ကျမကို ဒီလိုရောဂါပိုးတွေကြောင့် အိမ်ထဲကအိမ်ပြင် မထွက်ရဘူးလို့ပြောလိုက်တဲ့အချိန် ကျမဟာ လတ်ဆက်တဲ့ ပင်လယ်ရေက လေကို

ရှူရှိက်ရင်းနဲ့ သစ်ပင်အရိပ်အောက်မှာ လုံခြုံစွာနေခွင့်ရနေသေးပါလားဆိုပြီး ကျေးဇူးတော်ချီးမွမ်းတတ်လာတယ် မနက်ဖြန် ဘာဖြစ်လာမလဲလို့ ဘယ်သူမှ မပြောနိုင်တော့တဲ့အချိန်မှာ အရာရာအားလုံးကို ဘုရားလက်ထဲပဲ အပ်နှံတတ်လာတယ် အာ့ကြောင့် အမြဲပြောနေကြလေးပဲ ပြောမယ်နော် ခုချိန်မှာ ဘုရားတရားလေးတွေ ပိုလုပ်ကြပါလို့ တိုက်တွန်းချင်ပါတယ် God bless you all " ဆိုတဲ့ စာသားလေးကိုလည်း ရေးသားထားတာပဲ ဖြစ်ပါတယ်။ 

Photo credit - Khin Lay Nwe's fb account
Photo credit - Khin Lay Nwe's fb account

Source & Photo credit - Khin Lay Nwe's fb account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။