ပရိသတ်ကြီးရေ မော်လ်ဒယ်သရုပ်ဆောင် မင်းသမီးချောလေး ပိုးကြာဖြူခင်ကတော့ MRTV- 4 ရုပ်သံဇာတ်လမ်းတွဲတွေထဲကနေ ပါဝင်သရုပ်ဆောင်ရင်း ပရိသတ်တွေရဲ့ အချစ်တွေကို သိမ်းပိုက်ထားနိုင်ခဲ့တဲ့ သူပဲဖြစ်ပါတယ်။ ပိုးကြာဖြူခင်ဟာ အနုပညာလောကမှာ ပိုမိုအောင်မြင်မှုတွေရရှိပြီး သရုပ်ဆောင်ကောင်းတစ်ယောက်ဖြစ်အောင်ကြိုးစားလုပ်ကိုင်နေတဲ့ သူပဲဖြစ်ပါတယ်။ လတ်တလောမှာ အနုပညာလှုပ်ရှားမှုတွေကို ရပ်ဆိုင်းထားပြီး ကိုရိုနာဗိုင်းရပ်ရောဂါ ကူးစပ်ပြန့်ပွားလာမှုကြောင့် အိမ်မှာပဲ နားနားနေနေ နေထိုင်နေတာလည်းဖြစ်ပါတယ်။

Photo Credit - Poe Kyar Phyu Khin
Photo Credit - Poe Kyar Phyu Khin

အိမ်မှာနေရင်း ချစ်ပရိသတ်တွေအလွမ်းပြေစေရန်အတွက် ပုံလေးတွေကိုလည်း မကြာခဏဆိုသလို တင်ပေးလေ့ရှိနေတာကိုလည်း တွေ့ရပါတယ်။ ယခုတစ်ခါမှာလည်း ချစ်စရာအမူရာလေးတွေနဲ့ ဓာတ်ဖမ်းထားတဲ့ ပုံရိပ်လေးတွေကို တင်ပေးလာခဲ့ပါတယ်။ ဒီပုံလေးတွေထဲမှာလည်း မြင်သူတိုင်းရင်ခုန်သွားစေလောက်မယ့် အကြည့်စူးစူးလေးတွေနဲ့ လှရက်လွန်းနေလိုက်တာနော်...။

Photo Credit - Poe Kyar Phyu Khin
Photo Credit - Poe Kyar Phyu Khin

ဒါ့အပြင် အနက်ရောင်အကျၤီ လေးကလည်း သူမရဲ့ ကြည်လင်ဝင်းပနေတဲ့ မျက်နှာလေးကို ပိုမိုပေါ်လွင်စေခဲ့ပါတယ်။ ဒီပုံလေးတွေနဲ့လည်း မင်းသမီးချော ပိုးကြာဖြူခင်က " အိမ်မှာနေရတာပျင်းလာရင် အလှပြင်ပြီး selfie ရိုက်ပါ " ဆိုပြီး ရေးသားဖော်ပြပေးထားပါသေးတယ်။ ကဲ...ချစ်ပရိသတ်ကြီးကလည်း မင်းသမီးချောလေး ပိုးကြာဖြူခင် ရဲ့ ချစ်စရာပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Photo Credit - Poe Kyar Phyu Khin

Source- Poe Kyar Phyu Khin Facebook Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။