ပရိသတ်ကြီးရေ ဟန်နာယူရီလေးကတော့ သေးသေးသွယ်သွယ် ခန္ဓာကိုယ်လေးကို ပိုင်ဆိုင်ထားသလို အမှတ်မထင် ကိုရီးယားမင်းသမီးလေးတစ်ယောက်လိုလည်း ထင်မှတ်ရပါတယ်နော်....။ဟန်နာယူရီ က မိတ်ကပ်နယ်ပယ်မှာ အထူးကျွမ်းကျင်းတဲ့ ပညာရှင်မလေးတစ်ယောက်ဆိုရင်လည်းမမှားပါဘူးနော်..။ ဒါ့အပြင် အပြစ်ပြောစရားမရှိရလောက်အောင် ချောမောလှပနေကာ အသားရည်လေးတွေကလည်း နုဖက်လွန်းနေပြီး ချစ်စရာကောင်းလောက်ပါတယ်။

Photo Credit - Hannayuri
Photo Credit - Hannayuri

လတ်တလောမှာတော့ သူမက မိတ်ကပ်နယ်ပယ်မှာ လုပ်ကိုင်နေတာမဟုတ်ပဲ ယခုဆိုရင် အနုပညာဘက်ကိုပါ လျှောက်လှမ်းလို့နေပြီလည်းဖြစ်ပါတယ်။ ဟန်နာယူရီဟာ ဝတ်စားဆင်ယဉ်မှုတွေမှာ ခေတ်ပေါ်အမိုက်စားဖက်ရှင်တွေအပြင် ရိုးရိုးယဉ်ယဉ်မြန်မာဆန်ဆန် ဝတ်စုံလေးတွေကို လိုက်ဖက်ညီအောင် ဝတ်ဆင်တက်တာကိုလည်း တွေ့ရပါတယ်။ ယခုမှာဆိုရင်လည်း ပရိသတ်တွေအလွမ်းပြေဖြစ်အောင် ရိုးရှင်းပြီး အမြင်အေးစေတဲ့ အဖြူ ၊ အမဲ Color တွေနဲ့ ဓာတ်ဖမ်းထားတဲ့ ပုံရိပ်လေးတွေကို တင်ပေးလာခဲ့ပါတယ်။

Photo Credit - Hannayuri
Photo Credit - Hannayuri

ဒီပုံရိပ်လေးတွေကလည်း ဆယ်စုနှစ်ကာလ က မိန်းမပျိုလေးတွေရဲ့ လှသွေးကြွယ်နေပြီး ချစ်စရာကောင်းနေတဲ့ ပုံရိပ်တွေအလားထင်မှတ်ရပါတယ်နော်...။ ဆွဲဆောင်မှုရှိတဲ့ အပြုံးလေးတွေကလည်း မြင်မိသူတိုင်းကို ရင်ခုန်သွားစေမှာအမှန်ပါနော်..။ ကဲ....ချစ်ပရိသတ်ကြီး ယခုမှာတော့ မဟာဆန်ပြီး ချစ်စရာကောင်းနေတဲ့ ဟန်နာယူရီ ရဲ့ ပုံရိပ်လေးတွေကို တင်ပေးလာခဲ့ပါတယ်။ 

Photo Credit - Hannayuri

Source- Hannayuri Facebook Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။