ဒုတိယကမ္ဘာစစ်အတွင်း ဖက်ဆစ်ဝါဒနှင့်အတူ အထူးကျော်ကြားခဲ့တဲ့ နာဇီခေါင်းဆောင် ဟစ်တလာရဲ့ အထူးခြားဆုံး အချက်တွေထဲကမှ တစ်ခုဖြစ်တဲ့ သူရဲ့ ပထမဆုံးချစ်သူဟာ ဂျူးလူမျိုးဖြစ်တဲ့ အကြောင်းကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ ဟစ်တလာ အသက် ၁၆ နှစ်အရွယ်က လစ်ဇ်မှာ ကျောင်းတက်ခဲ့တုန်းက စတီဖန်နီဟူတဲ့ မိန်းကလေးတစ်ယောက်နှင့် ဆုံတွေ့ခဲ့ကာ ဟစ်တလာဟာ စတီဖန်နီ အပေါ် အရူးအမူးကြိုက်နှစ်သက်ခဲ့ပြီး ၁၉၀၅ ခုနှစ်တွင် ချစ်သူများဖြစ်ခဲ့ကြပါတယ်။

photo credit pngtree

ဟစ်တလာရဲ့ ငယ်သူငယ်ချင်း တစ်ဦးဖြစ်သူ သြဂတ်စ်ကူဘစ်က သူ့ရဲ့ "အဒေါ့ဟစ်တလာ" စာအုပ်တွင် စတီဖန်နီဟာ ဟစ်တလာက သူ့ကို ဘယ်လို နှစ်နှစ်ကာကာ ချစ်ခဲ့တာကို မသိရှိခဲ့ပါလို့ ပြောခဲ့ကြောင်း" ရေးသားခဲ့ပါတယ်။ ဟစ်တလာက သူ့ချစ်သူအား ချုပ်ကိုင်တာမျိုးမရှိဘဲ မနက်ဖန်မှ လုပ်ကြတာပေါ့လို့ အမြဲ ပြောနေလေ့ရှိခဲ့ပါတယ်။ ဟစ်တလာရဲ့ မိခင် ဈာပန ချချိန်တွင် စတီဖန်နီအိမ်ရှေ့မှ ဖြတ်သန်းခဲ့တဲ့အခါတုန်းက စတီဖန်နီဟာ ပြူတင်းတံခါးနောက်မှ ကြည့်နေခဲ့တာ ဖြစ်ပါတယ်။

photo credit pngtree

စတီဖန်နီက ပြုံးပြလိုက်တာကို မြင်လိုက်တဲ့အချိန်မှာ ဟစ်တလာဟာ အလွန်ပျော်ရွှင်သွားခဲ့ပါတယ်။ ထိုအချိန်မှာ ဟစ်တလာရဲ့ စိတ်ဟာ ဘယ်သူနှင့်မှ မတူကြောင်းကို သတိပြုမိတာကိုလည်း ရေးသားထားပါတယ်။ စတီဖန်နီက သူ့အကြည့်ကို ဘယ်လိုမှ မတုံ့ပြန်သောအခါ ဟစ်တလာဟာ သူကိုယ်တိုင်နှင့် ကမ္ဘာကြီးကို နင်းချေဖျက်ဆီးခဲ့တယ်လို့ပင် ရေးသားခဲ့တာပါ။ စတီဖန်နီရဲ့ ဘဝနောက်ဆုံး အချိန်များတွင် သူမဟာ ဟစ်တလာရဲ့ ခံစားမှုများကို မသိရှိခဲ့ကြောင်း ပြောဆိုခဲ့ပါတယ်။

source မောင် သာ ရှေးဟောင်းသုတေသန

photo credit pngtree

photo credit pngtree

သတင်းဖော်ပြခွင့်ပေးတဲ့ "မောင် သာ ရှေးဟောင်းသုတေသန"ကို ကျေးဇူးတင်ရှိပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။