ချစ်ပရိသတ်ကြီးရေ မော်ဒယ်လ်သရုပ်ဆောင်အဖြစ်နဲ့ အနုပညာလောကထဲကို စတင်ဝင်ရောက်လာခဲ့ပြီး အောင်မြင်မှုများစွာ ရရှိထားတဲ့ မင်းသမီးချောလေး နန်းခင်ဇေယျာကို ပရိသတ်ကြီးနဲ့ အထူးတလည်မိတ်ဆက်ပေးစရာမလိုဖူးထင်ပါတယ်နော်....။ သူမဟာဆိုရင် Miss Myanmar 2012 winner ဆုရှင်ဖြစ်ပြီး ပုရိသယောကျာ်းလေးပရိသတ်တို့ စွဲမက်ဖွယ် အချိုးအစားပြေပြစ်တဲ့ ခန္ဓာကိုယ်ကောက်ကြောင်းအလှကို ပိုင်ဆိုင်ထားတဲ့ သူတစ်ယောက်လည်းဖြစ်ပါတယ်။

Photo credit - Nang Khin Zay Yar's fb account

နန်းခင်ဇေယျာက တိုင်းရင်းသူလေး ဖြစ်တာကြောင့် ရိုးသားပွင့်လင်းပြီး စကားပြောဟန်ပြေပြစ်ချိုသာတာကြောင့် လူချစ်လူခင်ပေါများနေတာလည်းဖြစ်ပါတယ်။ လတ်တလောမှာ သူမက အနုပညာလှုပ်ရှားမှုတွေကို ရပ်ဆိုင်းထားပြီး ကိုရိုနာဗိုင်းရပ်ရောဂါကြောင့် အိမ်မှာပဲ မိသားစုနဲ့အတူ ပျော်ရွှင်စရာတွေ ဖန်တီးကာ ဝါသနာပါတဲ့ လေ့ကျင့်ခန်းတွေကိုလည်း လုပ်ကိုင်နေတာပဲ ဖြစ်ပါတယ်။

Photo credit - Nang Khin Zay Yar's fb account

နန်းခင်ဇေယျာ က မကြာသေးမီက သူမရဲ့ ဖေ့ဘွတ်စာမျက်နှာမှာ " Stay home with puppy " ဆိုတဲ့ စာသားလေးနဲ့အတူ ချစ်စရာကောင်းတဲ့ ခွေးလေးကို ချီကာ ဓာတ်ဖမ်းထားတဲ့ သူမရဲ့ ပုံရိပ်လေးကို တင်ပေးလါတာပဲဖြစ်ပါတယ်။ ချစ်ပရိသတ်ကြီးက သူမရဲ့ ပုံလေးတွေကို ကြည့်ရင်း အချစ်ပိုမိစေမှာ အသေအချာပဲမို့ ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်.... ။ သူမရဲ့ ပုံလေးတွေကို ကြည့်ပြီး အသည်းလေးတွေပေးခဲ့ဖို့ မမေ့လိုက်ပါနဲ့အုန်းနော်...... ။ 

Photo credit - Nang Khin Zay Yar's fb account

Source & Photo credit - Nang Khin Zay Yar's fb account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။