မိတ်ကပ် မေဦးကတော့ မြန်မာနိုင်ငံမှာအောင်မြင်ကျော်ကြားနေတဲ့ မိတ်ကပ်ပညာရှင်တွေထဲမှာ တစ်ယောက်အပါအဝင် ဖြစ်ပါတယ် ။ အရည်အချင်းအပြည့်ရှိတဲ့ မေဦးက တတ်ကျွမ်းတဲ့မိတ်ကပ်ပညာနဲ့ အားလုံးကိုလှပအောင် ပြင်ဆင်ခြယ်သပေးနိုင်တာလည်း ဖြစ်ပါတယ် ။ ဒါကြောင့်လည်း အလှဖန်တီးရှင်မေဦးက နာမည်ကြီးအနုပညာရှင်တွေနဲ့ လက်တွဲပြီး အလုပ်တွေလုပ်ကိုင်နေရတာလည်း ဖြစ်ပါတယ် ။

Photo Credit- May Oo's FB Acc
Photo Credit- May Oo's FB Acc

ပျော်ပျော်နေတတ်ပြီး စိတ်ထားကောင်းတဲ့ မေဦးက လူချစ်လူခင်ပေါများတဲ့သူလည်း ဖြစ်ပါတယ် ။ လက်ရှိမှာတော့ မေဦးက အလုပ်တွေကိုရပ်နားထားပြီး အိမ်မှာပဲ ပျော်ပျော်ရွှင်ရွှင်အနားယူနေတာ ဖြစ်ပါတယ် ။ ဒီနေ့ညနေမှာတော့ မေဦးက သာသနာ့ဘောင်ကိုဝင်ရောက်သွားပြီဖြစ်ကြောင်း အားလုံးကိုအသိပေးလိုက်တာ ဖြစ်ပါတယ် ။

Photo Credit- May Oo's FB Acc
Photo Credit- May Oo's FB Acc
Photo Credit- May Oo's FB Acc

မေဦးက " ဘုရားတပည့်တော်သည် သံသရာဝဋ်ဒုက္ခမှ လွတ်မြောက်ခြင်းအလို့ငှါ သာသနာ့ဘောင်သို့ ၉ ရက်တိတိ ဝင်၍ တရားအားထုတ်ပါမည် အရှင်ဘုရား" ဆိုပြီး သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာမှာ တင်ထားတာ ဖြစ်ပါတယ်။ ဘုရားတရားကိုင်းရှိုင်းပြီး အလှူအတန်းရက်ရောတဲ့ မေဦးက အရမ်းကိုမွန်မြတ်လှတဲ့ သာသနာ့အကျိုးကို သယ်ပိုးနေတာ ဖြစ်ပါတယ် ။ ကဲ ချစ်ပရိသတ်တွေအတွက် သာသနာ့ဘောင်ကို(၉) ရက်တာဝင်ရောက်သွားတဲ့ မေဦးရဲ့အကြောင်းကို ပြန်လည်မျှဝေပေးလိုက်တာ ဖြစ်ပါတယ် ။

Source & Photo Credit- May Oo's FB Acc

Photo Credit- May Oo's FB Acc
Photo Credit- May Oo's FB Acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။