ပရိသတ်ကြီးရေ မင်းသမီးချောလေးသဉ္ဇာနွယ်ဝင်းကတော့ သာယာပျော်ရွှင်ရတဲ့ မိသားစုဘဝလေးကိုပိုင်ဆိုင်ထားပြီး အနုပညာအလုပ်တွေနဲ့တော့ အလှမ်းဝေးကွာသွားခဲ့ပါတယ်နော်။သဉ္ဇာနွယ်ဝင်းရဲ့သားလေးနဲ့သမီးလေးကလည်း အမေတူလေးတွေဖြစ်လို့ မျက်နှာဝိုင်းဝိုင်းလေးတွေနဲ့ ချစ်မွှေးပါကြတဲ့ကလေးလေးတွေဖြစ်ပါတယ်နော်။ပရိသတ်တွေကတော့ သဉ္ဇာနွယ်ဝင်းကိုလည်း ချစ်ကြသလို သူမရဲ့ကလေးတွေကိုလည်း ချစ်ကြပါတယ်။
မေမေသဉ္ဇာနွယ်ဝင်းကလည်းတစ်သားမွေးတစ်သွေးလှဆိုသလို တစ်နေ့တစ်ခြားပိုပိုလှလာတာဖြစ်ပါတယ်။သူမရဲ့ယောက်ျားကလည်း အိမ်ထောင်ဦးစီးကောင်းတစ်ယောက်ပီသပြီး ဇနီးနဲ့ကလေးတွေအပေါ်မှာ လိုလေသေးမရှိအောင် ဂရုစိုက်စောင့်ရှောက်ပေးပါတယ်နော်။သားကြီးလေး Peach layကတော့ အရမ်းလည်းဆော့ပြီး မေမေမပျင်းရအောင် သွက်လက်လွန်းတဲ့ ကလေးလေးပါနော်။
Peach Lay က ညီမလေးကိုလည်း အရမ်းချစ်ပြီး အစ်ကိုကြီးပီပီ ဂရုကလည်းစိုက်ပေးတတ်ပါသေးတယ်နော်။အခုဆိုရင်လည်း မေမေတို့တွေမပျင်းရအောင်လို့ သီချင်းမြူးမြူးအသံလေးကြားတိုင်း အမိုက်စားကကွက်တွေနဲ့ကွေးနေအောင်ကနေတာဖြစ်ပါတယ်။အသည်းယားစရာကောင်းလောက်အောင် Peach layက အရမ်းကတတ်နေတာကြောင့် သူ့ရဲ့ဗီဒီယိုဖိုင်လေးကို ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။
Source&Photo Credit:Thinzar Nwe Win's Facebook Account
Video Credit:Thinzar Need Win's Facebook Account
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။