ပရိသတ်ကြီးရေ အကယ်ဒမီမင်းသမီးချောလေး စိုးပြည့်သဇင်ကတော့ ပရိသတ်ရဲ့ အချစ်တွေကို သိမ်းပိုက်ထားနိုင်ခဲ့တဲ့ ပြည်သူချစ်အနုပညာရှင်တစ်ယောက်ပဲဖစ်ပါတယ်။ဒါ့အပြင် ရိုးရှင်းအေးချမ်းတဲ့ အလှတရားတွေကို ပိုင်ဆိုင်ထားပြီး ပါးဖောင်းဖောင်းလေးကလည်း ချစ်စရာကောင်းတဲ့ သူလေးပဲဖစ်ပါတယ်။သူမကတော့ သရုပ်ဆောင်ပိုင်နိုင်ကျွမ်းကျင်တဲ့အပြင် ကျော့ရှင်းတဲ့အလှတရားတွေနဲ့ ချစ်စရာကောင်းတဲ့ မျက်နှာချိုချိုလေးနဲ့လည်း ပရိသတ်တွေကို အမြဲအချစ်ပိုစေသူလေးပါပဲနော်..။

Photo Credit - Soe Pyae Thazin
Photo Credit - Soe Pyae Thazin

လတ်တလောမှာ ကူးစက်ပြန့်ပွားနေတဲ့ ကပ်ရောဂါဆိုးကြီးကြောင့် မင်းသမီးချောလေး စိုးပြည့်သဇင်ဟာဆိုရင် အိမ်မှာနေရင်း ပရိသတ်တွေအလွမ်းပြေဖြစ်အောင် ဓာတ်ဖမ်းထားတဲ့ ပုံရိပ်လေးတွေကို တင်ပေးလာခဲ့ပါတယ်။ စိုးပြည့်သဇင်ကတော့ ခြံထဲမှာရှိတဲ့ သရက်သီး တွေကို စားဖို့အတွက် ကိုယ်တိုင်ခူးနေတဲ့ ချစ်စရာပုံရိပ်လေးတွေကလည်း ကလေးလေးတစ်ယောက်လို လွတ်လပ်ပေါ့ပါးကာ ချစ်စရာကောင်းလောက်ပါတယ်။

Photo Credit - Soe Pyae Thazin
Photo Credit - Soe Pyae Thazin

ကြည်လင်ဝင်းပနေတဲ့ မျက်နှာလေးကလည်း မြင်သူတကာရဲ့ အချစ်တွေကိုရရှိစေမှာအမှန်ပါနော်....။ ဒီပုံလေးတွေနဲ့လည်းမင်းသမီးချောလေး စိုးပြည့်သဇင်က " ခြံထဲကသရက်သီးလေးခူးစားမိတာ.....မေမေဆိုတာငါ့သရက်သီးတွေကုန်ပါပြီကုန်ပါပြီနဲ့နေတာဘဲ..." ဆိုပြီး ချစ်စရာကောင်းလောက်အောင်ရေးသားဖော်ပြပေးထားပါသေးတယ်။ ချစ်တဲ့ ပရိသတ်ကြီးကလည်း ဟန်ဆောင်မှုကင်းတဲ့ မင်းသမီးချောလေး စိုးပြည့်သဇင် ရဲ့ ပုံရိပ်လေးတွေကို သဘောကျကြိုက်နှစ်သတ်မယ်လို့မျှော်လင့်မိပါတယ်။

Photo Credit - Soe Pyae Thazin

Photo Credit - Soe Pyae Thazin

Source- Soe Pyae Thazin Facebook Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။