ချစ်ပရိသတ်ကြီးရေ မြန်မာနိုင်ငံရဲ့ ထိပ်တန်းမင်းသမီးတစ်လက်ဖြစ်တဲ့ သရုပ်ဆောင်မင်းသမီးချောလေး နန်းစုရတီစိုးကတော့ ပီပြင်တဲ့သရုပ်ဆောင်မှုတွေကြောင့် ပရိသတ်ရင်ထဲ နေရာတစ်နေရာ အခိုင်အမာ ရယူထားနိုင်တဲ့ သူတစ်ယောက်ပဲ ဖြစ်ပါတယ်။ သူမက သရုပ်ဆောင်ပိုင်းမှာ တိကျပိုင်နိုင်ရုံသာမကပဲ အဆိုပိုင်းမှာလည်း ချိုသာတဲ့ အသံလေးနဲ့ သီဆိုတက်တာကြောင့်လည်း ပရိသတ်တွေက ချီးကျူးမဆုံး ဖြစ်နေကြတာပဲ ဖြစ်ပါတယ်။

Photo credit - Nansu Yati Soe's Facebook account
Photo credit - Nansu Yati Soe's Facebook account

မကြာသေးမီကမှ သူမရဲ့ အယ်လ်ဘမ် အသစ်ဖြစ်တဲ့ မြန်မာပြည်ကြီးထဲမှာဆိုတဲ့ သီချင်းလေးကလည်း လူငယ်တွေကြားမှာ ရေပန်းစားလူကြိုက်များခဲ့တာကြောင့် အောင်မြင်မှု အတော်များများရရှိခဲ့တာလည်းဖြစ်ပါတယ်။ ဒါ့အပြင် သူမက ပိန်ပိန်ပါးပါးခန္ဓာကိုယ်လေးကိုပိုင်ဆိုင်ထားပြီး လိုက်ဖက်ညီတဲ့ ဝတ်စုံလေးတွေကို ဖက်ရှင်ကျကျဝတ်ဆင်တက်တာကြောင့်လည်း သူမရဲ့ ချစ်ပရိသတ်တွေက ဖက်ရှင်မင်းသမီးလို့လဲ တင်စားခေါ်ဝေါ်နေကြတာလည်း ဖြစ်ပါတယ်။ 

Photo credit - Nansu Yati Soe's Facebook account
Photo credit - Nansu Yati Soe's Facebook account

လတ်တလောမှာ သူမက အနုပညာလှုပ်ရှားမှုတွေကို ရပ်ဆိုင်းထားပြီး အိမ်မှာပဲ မိသားစုတွေနဲ့အတူ ပျော်ပျော်ရွှင်ရွှင်နဲ့ နေထိုင်နေတာပဲဖြစ်ပါတယ်။ သူမက အိမ်မှာနေရင်း ပရိသတ်တွေအလွမ်းပြေစေရန်အတွက် ချစ်စရာကောင်းတဲ့ပုံလေးတွေကို တင်ပေးလါခဲ့ပြီး " ဒီကပ်ဆိုးကြီးပြီးသွားရင် မင်းနားမှာ ကပ်ပြီးဆိုးချင်သေးတယ် " ဆိုတဲ့ စာသားလေးကိုလည်းရေးသားထားတာပဲဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်ကြီးလည်း နန်းစုရဲ့ ပုံလေးကိုကြည့်ပြီး အချစ်ပိုစေရန်အတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်........ ။

Photo credit - Nansu Yati Soe's Facebook account
Photo credit - Nansu Yati Soe's Facebook account

Source & Photo credit - Nansu Yati Soe's Facebook account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။