ချစ်ပရိသတ်ကြီးရေ နှင်းဆီဆိုတဲ့ ဇာတ်လမ်းတွဲလေးထဲမှာ မော်ဆိုတဲ့ ကာရိုက်တာလေးနဲ့ ပါဝင်သရုပ်ဆောင်ခဲ့ပြီး အနုပညာလောကထဲကို စတင်ဝင်ရောက်လာတဲ့သူလေးကတော့ သရုပ်ဆောင် မင်းသမီးချောလေး ဝေလာရီ ပဲ ဖြစ်ပါတယ်။

သူမက ပရိသတ်တွေသိကြတဲ့ အဆိုတော် လိမ္မော်သီးရဲ့ ညီမဖြစ်ပြီး အနုပညာမျိုးရိုးရှိသူမို့ သရုပ်ဆောင်ရာမှာ ပီပြင်တာလည်းဖြစ်ပါတယ်။

Photo credit - Wai Lar Ri's facebook account
Photo credit - Wai Lar Ri's facebook account
Photo credit - Wai Lar Ri's facebook account

ဝေလာရီက ကလေးလေးတစ်ယောက်လို ဖြူဖြူစင်စင်လေးနဲ့ ချစ်ဖို့ကောင်းပြီး စကားပြောဟန်လေးတွေက ပွင့်လင်းရိုးသားတာကြောင့် ပရိသတ်တွေက အချစ်ပိုနေကြတာပဲဖြစ်ပါတယ်။ အနုပညာအလုပ်တွေကို ကြိုးစားလုပ်ကိုင်နေတဲ့သူမက အခုလက်ရှိမှာလည်း ဇာတ်လမ်းတွဲအသစ်တွေကို ဆက်လက်ရိုက်ကူးနေရပြီး ကြော်ငြာတွေနဲ့ Photo shooting တွေကိုလည်း များစွာ ရိုက်ကူးနေရသူလေးပဲ ဖြစ်ပါတယ်။ 

Photo credit - Wai Lar Ri's facebook account
Photo credit - Wai Lar Ri's facebook account
Photo credit - Wai Lar Ri's facebook account

လတ်တလောမှာ သူမက အဝါရောင်ဝတ်စုံလေးကို ဝတ်ဆင်ကာ ချစ်စရာကောင်းတဲ့ ပိုစ့်လေးတွေပေးကါ ဓာတ်ဖမ်းထားတဲ့ ပုံလေးတွေကို သူမရဲ့ ဖေ့ဘွတ်စာမျက်နှာမှာ တင်ထားတာပဲဖြစ်ပါတယ်။ ချစ်ပရိသတ်ကြီးလည်း ဝေလာရီ ရဲ့ ချစ်စရာကောင်းတဲ့ ပုံရိပ်လေးတွေကို ကြည့်ရှုစေနိုင်ရန်အတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်.... ။ သူမရဲ့ ဆက်လက်လှုပ်ရှားမယ့် အနုပညာလှုပ်ရှားမှုတွေကိုလည်း ချစ်ပရိသတ်ကြီးက အားပေးလိုက်ကြပါအုန်းနော်....... ။

Photo credit - Wai Lar Ri's facebook account
Photo credit - Wai Lar Ri's facebook account
Photo credit - Wai Lar Ri's facebook account

Source & Photo credit - Wai Lar Ri's facebook account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။