ချစ်ပရိသတ်ကြီးရေ သရုပ်ဆောင်မင်းသမီးချောလေး ခြူးလေးဟာဆိုရင်တော့ MRTV-4ဇာတ်လမ်းတွဲတွေမှာ ပါဝင် သရုပ်ဆောင်ရင်း ကျရာဇာတ်ရုပ်ကို ပီပြင်အောင်သရုပ်ဆောင်တက်တာကြောင့် ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုတွေကို တခဲနက် သိမ်းပိုက်ထားနိုင်ခဲ့တဲ့ သူပဲဖြစ်ပါတယ်။ သူမက ချစ်စရာကောင်းတဲ့ ဟန်ပန်လေးတွေနဲ့ ရိုးသားပွင့်လင်းတဲ့ စကားအပြောအဆိုလေးတွေအပြင် မျက်နှာလေးကလည်း ပြစ်ချက်မရှိလှပလွန်းတာကြောင့် ပုရိသယောကျာ်းလေးပရိသတ်တွေရဲ့ အသည်းစွဲ အားပေးရတဲ့ အနုပညာရှင်တစ်ယောက်ပဲ ဖြစ်ပါတယ်။
သူမက အနုပညာလှုပ်ရှားမှုတွေနဲ့ နေ့စဥ်လှုပ်ရှားမှုပုံရိပ်လေးတွေကိုလည်း ဖေ့ဘွတ်စာမျက်နှာမှာ အမြဲ မျှဝေပေးလေ့ရှိပြီး အပျင်းပြေရိုက်ကူးထားတဲ့ ဟာသ tik tok video လေးတွေကိုလည်း တင်ပေးလေ့ရှိတာကြောင့် ပရိသတ်တွေက အချစ်ပိုနေကြတာပဲဖြစ်ပါတယ်။ အမြဲပျော်ပျော်နေတက်ပြီး ဖော်ရွေပြူငှာလွန်းတာကြောင့် လူချစ်လူခင်လည်း ပေါများသလို အနုပညာရှင်မောင်နှမတွေရဲ့ ချစ်ခင်မှုကိုလည်း ရရှိထားတဲ့ သူလေးလည်း ဖြစ်ပါတယ်။
ခြူးလေးက မကြာသေးမီအချိန်က သူမရဲ့ ဖေ့ဘွတ်စာမျက်နှာပေါ်မှာ " လှလှ လေး ရိုက်ကူးရေးလုပ်မယ် photo တွေ ရိုက်မယ် လှလှလေး ကောင်လေးတွေ ကို ချေမယ် သင်္ကြန်ဆိုတာကြီးမှာ ပထမဆုံး အမိုက်စားလေး စ ကဲမယ်ပေါ အဲ့ချိန်မှာ Stay At Home တဲ့ အမေရေ လှလည်း မလှ နိုင်တော့ပါဘူး ဝက်လုံးလုံး ဖြစ်နေပါပြီ " ဆိုတဲ့ စာသားလေးနဲ့အတူ ချစ်စရာကောင်းတဲ့ ပုံရိပ်လေးတွေကို တင်ပေးလါတာကြောင့် ချစ်ပရိသတ်ကြီးကြည့်ရင်း အချစ်ပိုမိစေမှာ အသေအချာပဲမို့ ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်....... ။
Source & Photo credit - Chue Chue's Facebook account
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။