ချစ်ပရိသတ်ကြီးရေ တက်သစ်စ သရုပ်ဆောင်မင်းသမီးချောလေး ဆောင်းယွန်းစံကတော့ အကယ်ဒမီ စင်မြင့်ထက်မှာ ရွှေကြိုမယ်လေးအဖြစ်ပါဝင် ကူညီ အားဖြည့်ရင်း အနုပညာလမ်းကြောင့်ပေါ်ကို စတင်လျှောက်လှမ်းခဲ့ပြီး ပရိသတ်အချစ်ကို အပြည့်အဝရရှိထားတဲ့ သူလည်း ဖြစ်ပါတယ်။ သူမက အချိုးအစားပြေပြစ်လှပတဲ့ ကိုယ်ခန္ဓာလေးကို ပိုင်ဆိုင်ထားပြီး လိုက်ဖက်ညီတဲ့ ဝတ်စုံလေးတွေကိုလည်း ရွေးချယ်ဝတ်ဆင်တက်တာကြောင့် အမြဲ ကြည့်ကောင်းနေသူလည်း ဖြစ်ပါတယ်။

Photo credit - Saung Yoon San's FB account

ဆောင်းယွန်းက ချစ်စရာကောင်းတဲ့ စကားပြောဟန်လေးတွေနဲ့ သွက်လပ်တဲ့ အပြုအမှုလေးတွေကြောင့်လည်း သူမကို ပရိသတ်တွေက အချစ်ပိုနေကြတာပဲ ဖြစ်ပါတယ်။ လတ်တလောမှာ သူမက အနုပညာလှုပ်ရှားမှုတွေကို ရပ်ဆိုင်းထားပြီး အိမ်မှာပဲ နားနားနေနေ နေထိုင်နေတာလည်းဖြစ်ပါတယ်။ အိမ်မှာနေရင်း ပရိသတ်တွေအလွမ်းပြေစေရန်အတွက် သူမရဲ့ နေ့စဥ်လှုပ်ရှားမှုပုံရိပ်လေးတွေကို လူမှုကွန်ယက် စာမျက်နှာကနေ တင်ပေးလေ့ရှိတာကြောင့်ပရိသတ်တွေနဲ့ အမြဲ အဆက်အသွယ် ရှိနေတာပဲ ဖြစ်ပါတယ်။

Photo credit - Saung Yoon San's FB account

ဆောင်းယွန်းက မကြာသေးမီက သူမရဲ့ ဖေ့ဘွတ်စာမျက်နှာပေါ်မှာ အိမ်မှာနေရင်း အပျင်းပြေ ဓာတ်ဖမ်းထားတဲ့ ပုံလေးတွေကို တင်ပေးလါတာပဲဖြစ်ပါတယ်။ သူမရဲ့ ချစ်စရာပုံရိပ်လေးတွေကို အပြင် "

အိမ်တွင်းပုန်းခြင်း အမှတ်တရ " ဆိုတဲ့စာသားလေးကိုလည်း ရေးသားထားတာကြောင့် ချစ်ပရိသတ်ကြီး ကြည့်ရှုပြီး အချစ်ပိုမိစေရန်အတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်... ။ သူမရဲ့ ဆက်လက်လှုပ်ရှားမယ့် အနုပညာလှုပ်ရှားမှုတွေကိုလည်း ချစ်ပရိသတ်ကြီးက အားပေးလိုက်ကြပါအုန်းနော်..... ။

Photo credit - Saung Yoon San's FB account

Source & Photo credit - Saung Yoon San's FB account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။