Se7en ရဲ့ မျှော်လင့်မထားတဲ့ တကြော့ပြန်ခေန်ထခြင်း

မမျော်လင့်ထားတဲ့အရာများထဲမှ Seven သည် ပထမတကိုယ်တော်ရှိုးပွဲအဖြစ်နဲ့ ပရိသတ်များဆီသို့ တကြော့ပြန်လည်ရောက်ရှိလာဦးပေမည်။

Seven သည် သူ့ရဲ့ အသစ်ဆက်ဆက် album လေးဖြစ်တဲ့ "I am SE7EN" ကိုဒီ အောက်တိုဘာလ၁၄ ရက်(မနက်ဖြန်)တွင် ုဖန့်ချီထုတ်လွှင့်မည်ဖြစ်ပါသည်။သူရဲ့ ပထမဦးဆုံး တကြော့ပြန်တကိုယ်တော်ပွဲကိုတော့ ယနေ့ အောက်တိုဘာလ ၁၃ ရက်နေ့က Mnet's M! Countdown တွင်တင်ဆက်ခဲ့ပါသည်။သူသည် သူရဲ့ comeback ကို လေးနှစ်နဲ့ရှစ်လအကြာမှ ပြန်လုပ်တာဖြစ်တယ်ဟုလည်းသိရှိရပါသည်။

Music Show အရပြောရမယ်ပြောဆိုရင်ဖြင့် သူသည် တကိုယ်တော်ပွဲတင်မဟုတ် variety show လုပ်ဖို့လည်းစဉ်းစားထားကြောင်းသိရပါသည်။

သူရဲ့နောက်ဆုံး Album ကလည်း ၂၀၁၂ တွင်ထွက်ရှိခဲ့သော J.Y.Park ရေးကုံးသီစပ်ခဲ့သော "When I can't sing" နှင့် လူအများကြားရေပန်းစားခဲ့ပါသေးသည်။ထိုသီချင်းပေါက်ပြီး မကြာမီတွင် စစ်ထဲဝင်လိုက်ရ၍ ပြန်ထွက်လာသောအခါ သူရဲ့ အေဂျင်စီအဟောင်းဖြစ်သော YG Entertainment နှင့်ကွဲသွားပြီဖြစ်ကြောင်းကြား၍ Seven သည် December 2014ထိ အနုပညာလောကထဲသို့ ဝင်ရောက်ခဲ့ခြင်းမရှိဘဲ ယခုမှသာ comeback အဖြစ်နှင့်ပြန်လည်ဝင်ရောက်လာခဲ့ခြင်းဖြစ်ပေသည်။ ။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။