ချစ်ပရိသတ်ကြီးရေ မော်ဒယ်၊ သရုပ်ဆောင် မင်းသားချောလေး ပိုင်တံခွန်ကတော့ ဆယ်ကျော်သက်နှုတ်ခမ်းနီမလေးတွေရဲ့ သည်းသည်းလှုပ် ချစ်ခင်အားပေးမှုကို ရရှိထားတဲ့ ကိုလူချောလေးပဲ ဖြစ်ပါတယ်။ အရပ်ရှည်ပြီး စမတ်ကျကာ ရုပ်ဖြောင့်တဲ့ ပိုင်တံခွန်က နိုင်ငံခြားမင်းသားတစ်ဦးလို ချောမောခန့်ညားတာကြောင့် အားပေးချစ်ခင်သူတွေ ဝိုင်းဝိုင်းလည်နေတာလည်း ဖြစ်ပါတယ်။ ထိုင်းမလေးတွေကြားမှာပါ ရေပန်းစားလူကြိုက်များနေတဲ့ ပိုင်တံခွန်က ထိုင်းနိုင်ငံကပရိသတ်တွေရဲ့ အပြတ်အသတ် အားပေးဝန်းရံခြင်းခံနေရတာလည်း ဖြစ်ပါတယ်။

Photo credit - May Chit Thway photography

ဒါ့အပြင် ပိုင်တံခွန်က ရုပ်ရည်ကလည်း ပြစ်ချက်မရှိသလို စိတ်ထားလေးကလည်း နှုးညံ့ဖြူစင်ပြီး အားလုံးအပေါ်မှာ ရင်းနှီးဖော်ရွေတဲ့ မင်းသားတစ်ဦးလည်း ဖြစ်ပါတယ်။ လက်ရှိမှာတော့ ပိုင်တံခွန်က အနုပညာလှုပ်ရှားမှုတွေကို ရပ်ဆိုင်းထားပြီး အိမ်မှာပဲ သူဝါသနာပါတဲ့ အလုပ်လေးတွေကို လုပ်ရင်း နားနားနေနေ နေထိုင်နေတာလည်းဖြစ်ပါတယ်။ အိမ်မှာနေရင်း ချစ်ပရိသတ်တွေ အလွမ်းပြေစေရန်အတွက် အပျင်းပြေရိုက်ကူးထားတဲ့ ပုံရိပ်လေးတွေနဲ့ Tik Tok video လေးတွေကိုလည်း လူမှုကွန်ယက် ဆိုရှယ်မီဒီယာကနေ တင်ပေးလေ့ရှိနေတာပဲ ဖြစ်ပါတယ်။ 

Photo credit - May Chit Thway photography

ပိုင်တံခွန်က မကြာသေးမီက သူရဲ့ ဖေ့ဘွတ်စာမျက်နှာပေါ်မှာ စမတ်ကျကျဓာတ်ဖမ်းထားတဲ့ ပုံရိပ်လေးတွေကို တင်ပေးလါပြီး ချစ်ပရိသတ်တွေကို " ပျင်းနေပြီလား "ဆိုကာ မေးထားတဲ့ စာသားလေးကိုလည်း တင်ပေးလါတာကြောင့် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်... ။

သူရဲ့ ပုံရိပ်လေးတွေကို ကြည့်ပြီး ချစ်ပရိသတ်ကြီးက အသည်းလေးတွေပေးခဲ့ဖို့ မမေ့လိုက်ပါနဲ့အုန်းနော်. ။

Photo credit - May Chit Thway photography

Source - Paing Takhon 's Facebook account 

Photo credit - May Chit Thway photography

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။