ကမ္ဘာမြေအလယ်ဆီသို့ရောက်ရှိရာဝင်ပေါက်လို့ပြောဆိုရအောင်ပဲ အဆိုပါတွင်းဟာ ကမ္ဘာ့အနက်ဆုံးတွင်းကြီးဖြစ်နေပြီး ထူးဆန်းမှုတွေနဲ့ပြည့်နေတာကို ဓာတ်ပုံတွေကြည့်ရင်တွေ့နိုင်မှာပါ။

Abkhazia, Georgia မှာရှာဖွေတွေ့ရှိခဲ့တဲ့ Krubera အမည်ရလှိုဏ်ခေါင်းဟာ ကမ္ဘာ့အနက်ရှိုင်းဆုံးလှိုဏ်ခေါင်းတစ်ခုဖြစ်လာပြီး ၇၀၂၈ပေ (၂၁၉ရမီတာ) နက်ရှိုင်းတယ်လို့ နောက်ဆုံးဆင်းရောက်တိုင်းတာမှုအရ သိရပါတယ်။ 

၁၉၉၉ခုနှစ်မှာတော့ Ukrainian Speleological Associations (UkrSA) အမည်ရ အဖွဲ့အစည်းကနေ အဆိုပါလှိုဏ်ခေါင်းကိုရှာဖွေတွေ့ရှိခဲ့တာဖြစ်ပြီး ၂ဝဝဝခုနှစ်မှာ ၁၂ဝဝမီတာ၊ ၂၀၀၁ခုနှစ်မှာတော့ နောက်ထပ် ၁၇၁ဝမီတာအထိ ဆက်လက်ဆင်းသက်နိုင်ခဲ့ပါတယ်။ 

ဒီလှိုဏ်ဂူထဲကို ယူကရိန်းက လေ့လာစူးစမ်းသူတွေတင်မက တခြားနိုင်ငံက ပညာရှင်တွေပါ ဆင်းရောက်တိုင်းတာခဲ့ကြပြီး ၂၀၁၂ခုနှစ်မှာတော့ Kruberaလှိုဏ်ဂူရဲ့ အနက်ဆုံးနေရာအထိတိုင်းတာခဲ့နိုင်ပါတယ်။ အဲဒီ့နောက်ပိုင်းကိုတော့ ဘယ်သူမှ ဆက်လက်ဆင်းပြီးတိုင်းတာနိုင်ခြင်းမရှိတော့ပါဘူး။ 

သတင်းအရင်းမြစ် Elite Readers

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။