သရုပ်ဆောင်မင်းသမီးချောလေး နန်းရွှေအေးကတော့ Miss Universe Myanmar 2017 ပြိုင်ပွဲကြီးမှာ မန္တလေးမြို့ရဲ့ ကိုယ်စားပြု အလှမယ်တစ်ယောက်အဖြစ် ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး နောက်ပိုင်းမှာ အနုပညာလမ်းကြောင်းထဲကို စတင်ဝင်ရောက်ခဲ့တာလည်းဖြစ်ပါတယ်။ အခုလက်ရှိမှာတော့ သူမက ကြော်ငြာတွေနဲ့ photo shooting တွေကိုလည်း ဆက်တိုက်ရိုက်ကူးနေရပြီး ဖိတ်ကြားထားတဲ့ ပွဲအခမ်းအနားအတော်များများတွေကိုလည်း တက်ရောက်နေရသူလေးပဲ ဖြစ်ပါတယ်။ 

Photo credit - Nan Shwe Aye's fb account
Photo credit - Nan Shwe Aye's fb account

သူမကို ပရိသတ်တွေက ချစ်စနိုးနဲ့ ဟန်လေးလို့လဲ ခေါ်ကြပါသေးတယ်။ ဟန်လေးက ရိုးရှင်းတဲ့ မျက်နှာလေးအပြင် ဖြူဝင်းလှပတဲ့ အသားအရည်လေးကို ပိုင်ဆိုင်ထားကာ မြင်သူတကာငေးမောရလောက်တဲ့ သူဖြစ်တာကြောင့် ပုရိသယောကျာ်းလေးပရိသတ်တွေရဲ့ အားပေးဝန်းရံခြင်းကို အများဆုံးရရှိထားသူလည်းဖြစ်ပါတယ်။ ဟန်လေးက လတ်တလောမှာ အနုပညာလှုပ်ရှားမှုတွေကို ရပ်ဆိုင်းထားပြီး အားလပ်တဲ့အချိန်လေးတွေမှာ ပြည်တွင်းခရီးစဥ်တွေကို သွားရောက်လည်ပတ်နေတာပဲ ဖြစ်ပါတယ်။

Photo credit - Nan Shwe Aye's fb account

မကြာသေးမီအချိန်က ဟန်လေးက သူမရဲ့ ဖေ့ဘွတ်စာမျက်နှာပေါ်မှာ လှပတဲ့ ကမ်းခြေကြီးကို နောက်ခံထားကာ လှပစွာ ဓာတ်ဖမ်းထားတဲ့ ပုံရိပ်လေးတွေကို တင်ပေးလါတာပဲ ဖြစ်ပါတယ်။

ဟန်လေးရဲ့ ပုံရိပ်လေးတွေကို ချစ်ပရိသတ်ကြီးလည်း ကြည့်ရှုစေနိုင်ရန် အတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်... ။

သူမရဲ့ ပုံလေးတွေကို ကြည့်ပြီး အသည်းလေးတွေပေးခဲ့ဖို့ မမေ့လိုက်ပါနဲ့အုန်းနော်..... ။

Photo credit - Nan Shwe Aye's fb account
Photo credit - Nan Shwe Aye's fb account

Source & Photo credit - Nan Shwe Aye's fb account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။