လောကဓံ ကို ကြံကြံ့ခိုင်ဖို့အတွက် ကျား မမရွေး ရုန်းကန်လှုပ်ရှားနေရပေမယ့် အားနည်းတဲ့မိန်းမသားတွေအတွက်တော့ ခက်ခဲရင်လည်း ခက်ခဲနိုင်မှာပါ။

ဒါပေမယ့် ကြုံလာသမျှအခက်အခဲတွေကိုရင်ဆိုင်ကျော်လွှားရင်း တစ်ယောက်ထဲ ရပ်တည်နေရင်းအောင်မြင်နေတဲ့ အမျိုးသမီးတွေ ကမ္ဘာတစ်ဝှမ်းမှာ ရှိတတ်ကြပါတယ်။

သူတို့တွေဆီမှာ တွေ့ရတတ်တဲ့ အချက်လေးတွေကို လေ့လာကြည့်လိုက်တဲ့အခါမှာ-

(၁) သူတို့ဟာ ကိုယ့်ဘဝကို ပျိုးထောင်ပြီး အကောင်းဆုံးရှင်သန်နေထိုင်ကြတယ်။ ကိုယ့်ကိုယ်ကိုပဲချစ်တယ်။ ကိုယ့်ကိုယ်ကို ကောင်းအောင်ကြိုးစားပြီးနေပါတယ်။ ကိုယ်တိုင်ဆုံးဖြတ်ချက်ချလိုက်တဲ့အရာကို နောင်တမရဘူး။ ကိုယ့်ကိုယ်ကို ယုံ့ကြည်မှုရှိကြတယ်။

(၂)ဒုတိယတစ်ချက်ကတော့ စိတ်ဓာတ်ခိုင်မာတဲ့ အမျိုးသမီးအများစုက သူတို့နဲ့ မထိုက်တန်တဲ့သူတွေရဲ့အနားမှာ ဘယ်တော့မှ ပေကပ်ပြီးမနေကြပါဘူး။ အဲ့ဒါမှန်ပါတယ်။ ကိုယ်ကြုံခဲ့ရတဲ့ ဒုက္ခတွေ အခက်အခဲတွေကနေ သင်ခန်းစာရလိုက်တဲ့အခါမှာ ကိုယ်ပေးဆပ်ဖို့မတန်တဲ့သူတွေနားမှာ အချိန်ကုန်ခံကာ ဆက်နေရင် ဘာမှအကျိုးမရှိပါဘူး။ ဒါကြောင့် စောစောစီးစီးကျောခိုင်းလိုက်တာကောင်းပါတယ်။

(၃)ဒါ့ပြင်ကိုယ့်ဘဝအတွက် အကျိုးယုတ်စေသူတွေ အဆိပ်တောက်ပြင်းတဲ့သူတွေကို ခေါင်းထဲကရော ဘဝထဲကပါ အပြီးအပိုင် ဖယ်ထုတ်ပစ်လိုက်တာပါ။ ဒီအချက်က အပေါ်က အချက်နဲ့တောင်ဆင်နေပါတယ်။ ကိုယ့်အကြောင်းကို နောက်ကွယ်မှာ အတင်းပြောတာပဲဖြစ်ဖြစ် ဝေဖန်ကဲ့ရဲ့ကြတာပဲဖြစ်ဖြစ် အဲ့လိုလူတွေနဲ့ ကင်းအောင်နေမယ်။ ကိုယ့်စိတ်ချမ်းသာဖို့ စိတ်ခံစားချက်ဝန်ထုပ်ဝန်ပိုးတွေကို မတွေးပဲ လွတ်လွတ်လပ်လပ်နေသင့်ပါတယ်။

(၄)သူတို့ဟာ တစ်ပါးသူကို ခွင့်လွှတ်ပေးတယ်။ ဒါပေမယ့် ဘယ်တော့မှ မမေ့သွားဘူး။ အကြောင်းအရာတစ်ခုနဲ့ပတ်သက်လို့ပဲဖြစ်ဖြစ် ကိုယ့်အပေါ်တိုက်ခိုက်ရန်ရှာသူတွေကို ခွင့်လွှတ်ကျေအေးပေးကြပေမယ့် အဲ့ဒီလူတွေရဲ့ အမှားတွေကိုတော့ ဘယ်တော့မှ မေ့ပစ်လေ့မရှိပါဘူး ။ သူတို့နဲ့ အပြစ်နဲ့သူတို့ ခံရမယ်ဆိုတာကို တွေးထားပြီးသားမို့ ဘာမှတုန့်ပြန်ခြင်းမလုပ်တော့တာပါ။

(၅)အခြားလူတွေရဲ့ ဘေးစကားတွေ ဝေဖန်မှုတွေ ဘယ်လိုပဲထင်မြင်ကြပါစေ သူတို့လုပ်စရာရှိတဲ့အရာကိုသာ ဦးတည်ကြပါတယ်။ သူတို့ဟာ တစ်ပါးသူတွေအတွက် စိတ်ဖိစီးမှုမခံချင်တဲ့အတွက် စိတ်ပူနေတာမျိုးလည်း မလုပ်ကြပါဘူး။ အတုယူသင့်ပါတယ်နော်။ ပတ်ဝန်းကျင်က စကားတွေသာ လိုက်ခံစားနေမယ်ဆိုရင် ကိုယ့်ရည်မှန်းချက်တွေနှောင့်နေးပြီး တစ်ပါးသူတွေအတွက် ရှင်သန်နေရသလိုဖြစ်နေမှာပါ။ အပြုသဘောပြောတယ်ဆိုရင် လက်ခံပေးသင့်ရင် လက်ခံပေးရမှာပေါ့လေ။

(ေ၆)နာက်တစ်ချက်က အောင်မြင်မှုရရှိထားတဲ့အမျိုးသမီးတွေ စိတ်ဓာတ်ခိုင်မာသူတွေက သူတို့ဘဝကို အရှိကိုအရှိအတိုင်း နားလည်လက်ခံထားကြပါတယ်။ မိမိအတွက် လမ်းကြောင်းမှန်ရောက်အောင် ညွှန်ပြသင်ကြားပေးတဲ့ မိဘဆရာသမား ၊မိတ်ဆွေတွေ ရဲ့ စကားကို အလေးထားကြတယ်။ ပညာယူစရာရှိရင်ယူကြတယ်။ဒါ့ပြင်သူတို့က ဘဝနဲ့ ပတ်သက်ပြီး အကောင်းအဆိုးတွေကို နားလည်သဘောပေါက်ပြီးသားပါ။

(၇)ကိုယ့်ဘဝက ပြီးပြည့်စုံခြင်းမရှိသေးဘူးဆိုတာကို နားလည်သဘောပေါက်ကြတယ်။ ကြုံလာသမျှအကောင်းအဆိုးကို လက်ခံနိုင်တဲ့ သူတွေဖြစ်ပါတယ်။

(၈)မိမိကိုယ်ကို တန်ဖိုးထားပြီးလေးစား တတ်ကြတယ်။ ဟုတ်ပါတယ်။ မိန်းကလေးတွေအနေနဲ့ ကိုယ့်ကိုယ်ကို တန်ဖိုးထားတတ်မှ တစ်ပါးသူတွေကလည်း ကိုယ့်ကို တန်ဖိုးထားလေးစားမှာပါ။ ပေါ့ပျက်ပျက်နေတဲ့အမျိိုးသမီးကတော့ ဘဝလမ်းမှားရောက်တတ်ကြလို့ပါ။ ကိုယ်နဲ့ မသင့်တော်တဲ့အရာတွေ မလိုက်ဖက်တဲ့အရာတွေဆိုရင် ရှောင်သင့်ပါတယ်။ ကိုယ့်ဘဝကို လေးစားဖို့လိုပါတယ်။

(၉)သူတို့ကိုသူတို့ မဖြစ်ဖြစ်အောင်လုပ်နိုင်မှန်း ယုံကြည်သလို လက်တွေ့လည်း အကောင်အထည်ဖော်နိုင်ကြတယ်။ ဒါကတော့ စိတ်ဓာတ်ခိုင်မာသူအမျိုးသမီးတွွေမှာ ရှိိတတ်တဲ့ သဘောထားပါ။ 

သတင်းအရင်းမြစ် lifehack

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။