ဆယ်ကျော်သက်အရွယ် နှုတ်ခမ်းနီလေးတွေရဲ့ အားပေးဝန်းရံခြင်းကိုအပြည့်အဝရရှိထားတဲ့ သူလေးကတော့ သရုပ်ဆောင် မင်းသမီးချော ခင်ဇာခြည်ကျော် ရဲ့ သားလေး ဘုန်းမင်းနေလပဲ ဖြစ်ပါတယ်။ ဘုန်းမင်းက အကယ်ဒမီစင်မြင့်ထက်မှာ ရွှေကြိုမောင်အဖြစ် ပါဝင်ကူညီအားဖြည့်ရင်း ပရိသတ်ရဲ့ အားပေးမှုကိုရရှိကာ အနုပညာလောကထဲကို စတင်ဝင်ရောက်လာခဲ့တာလည်း ဖြစ်ပါတယ်။ 

Photo credit - Lin Eain Kha photography
Photo credit - Lin Eain Kha photography

ဆွဲဆောင်မှုရှိတဲ့ အပြုံးချိုချိုလေးတွေနဲ့ ချိုသာယဥ်ကျေးစွာပြောဆိုတက်တဲ့ အပြုအမူလေးတွေကြောင့် ပရိသတ်တွေရဲ့ အချစ်ကို အခိုင်အမာရရှိထားတဲ့ ဘုန်းမင်းက လတ်တလောမှာ ကြော်ငြာတွေနဲ့ photo shooting တွေကို ဆက်တိုက်ရိုက်ကူးနေရပြီး music videoလေးတွေမှာလည်း ပါဝင်သရုပ်ဆောင်နေပြီပဲ ဖြစ်ပါတယ်။ ဘုန်းမင်းက စမတ်ကျကျနေထိုင်တက်ပြီး စကားလေးတွေကလည်း တက်လွန်းတာကြောင့် သူ့ကို ချစ်ခင်အားပေးတဲ့ ပရိသတ်တွေများစွာရှိလို့နေတာလည်းဖြစ်ပါတယ်။

Photo credit - Lin Eain Kha photography
Photo credit - Lin Eain Kha photography

အခုလက်ရှိမှာတော့ ဘုန်းမင်းက ပိတောက်ပန်းတွေကို နောက်ခံထားကာ စမတ်ကျစွာ ဓာတ်ဖမ်းထားတဲ့ ပုံရိပ်လေးတွေကို ချစ်ပရိသတ်တွေ ကြည့်ရှုစေနိုင်ရန်အတွက် သူ့ရဲ့ ဖေ့ဘွတ်စာမျက်နှာကနေ တင်ပေးလါတာပဲ ဖြစ်ပါတယ်။ ပုံရိပ်လေးတွေအပြင် " ကဲဒီနှစ် သင်္ကြန်က တော့အိမ်မှာပဲဖြတ်သန်းကြရအောင် " ဆိုတဲ့ စာသားလေးကိုလည်း ရေးသားထားတာပဲဖြစ်ပါတယ်။ ကဲ.. ချစ်ပရိသတ်ကြီးလည်း ဘုန်းမင်းရဲ့ ပုံလေးတွေကို ကြည့်ရှုပြီး အချစ်ပိုနေမှာအသေအချာပဲမို့ ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်.....။

Photo credit - Lin Eain Kha photography

Photo credit - Lin Eain Kha photography

Source - Phone Min Nay La's facebook account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။