ချစ်ပရိသတ်ကြီးရေ သရုပ်ဆောင် မင်းသားချော ပိုင်တံခွန်ကတော့ တောင့်တင်းလှပတဲ့ ကိုယ်ခန္ဓာ အချိုးအစားကိုပိုင်ဆိုင်ထားပြီး အရပ်ရှည်ကာ နိုင်ငံခြားသားတစ်ဦးလို ရုပ်ရည်မျိုးကိုပိုင်ဆိုင်ထားတာကြောင့် မိန်းကလေးပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို အပြည့်အဝရရှိထားတဲ့ သူပဲ ဖြစ်ပါတယ်။ ကြော်ငြာ၊ photo shooting တွေနဲ့ ရုပ်ရှင်ဇာတ်ကားတွေကိုလည်း ဆက်တိုက်ရိုက်ကူးနေတဲ့ သူက မြန်မာနိုင်ငံက ပရိသတ်တွေရဲ့ အားပေးမှုများသာမကပဲ ထိုင်းနိုင်ငံကပရိသတ်တွေရဲ့ အားပေးမှုများကိုပါ အခိုင်အမာရရှိထားတဲ့ သူလည်း​ဖြစ်ပါတယ်။ 

Photo credit - May Chit Thway photography
Photo credit - May Chit Thway photography

လတ်တလောမှာတော့ ပိုင်တံခွန်က အနုပညာလှုပ်ရှားမှုတွေကို ခေတ္တရပ်ဆိုင်းထားပြီး အိမ်မှာပဲ သူဝါသနာပါတဲ့ အလုပ်လေးတွေကို လုပ်ကာ ချစ်ရတဲ့ မိသားစုတွေနဲ့အတူ ပျော်ပျော်ရွှင်ရွှင်နဲ့ နေထိုင်နေတာပဲဖြစ်ပါတယ်။ အိမ်မှာနေရင်း ချစ်ပရိသတ်တွေ အလွမ်းပြေ ကြည့်ရှုစေနိုင်ရန်အတွက် ပိုစ့်အလန်းစားလေးတွေနဲ့ ဓာတ်ဖမ်းထားတဲ့ ပုံလေးတွေအပြင် အမိုက်စား Tik Tok video လေးတွေကိုလည်း ဆိုရှယ်မီဒီယာကနေ တင်ပေးလေ့ရှိတာကြောင့် ပရိသတ်တွေကလည်း အချစ်ပိုနေကြတာ ပဲ ဖြစ်ပါတယ်။ 

Photo credit - May Chit Thway photography
Photo credit - May Chit Thway photography

အခုလက်ရှိမှာလည်း ပိုင်တံခွန်က ဆွဲဆောင်မှုရှိတဲ့ အပြုံးတွေနဲ့ ရှည်လျားတဲ့ ဆံပင်တွေကို ချကာ ဓာတ်ဖမ်းထားတဲ့ ပုံရိပ်လေးတွေကို မကြာသေးမီအချိန်က လူမှုကွန်ယက် စာမျက်နှာကနေ တင်ပေးလါတာပဲဖြစ်ပါတယ်။ အမိုက်စားပုံရိပ်လေးတွေအပြင် " ဆံပင် စုတ်ဖွားနဲ့ အပြင်မှာ မြင်ဖူးလား " ဆိုတဲ့ စာသားလေးကိုလည်း ရေးသားထားတာကြောင့် ချစ်ပရိသတ်ကြီး ကြည့်ရှုပြီး အချစ်ပိုနေမှာအသေအချာပဲမို့ ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်..... ။

Photo credit - May Chit Thway photography
Photo credit - May Chit Thway photography

Photo credit - May Chit Thway photography

Source - Paing Takhon 's facebook account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။