ပရိသတ်ကြီးရေ မော်ဒယ်လ် သရုပ်ဆောင် မင်းသား​ချောလေး အလင်းရောင်ကတော့ ဗီဒီယို ဇာတ်ကားတွေကို များစွာ သရုပ်ဆောင်ခဲ့ပြီး ပီပြင်တဲ့သရုပ်ဆောင်မှုတွေကြောင့် ပရိသတ်တွေရဲ့ ရင်ထဲ အချိန်တိုလေးအတွင်း ဝင်ရောက်လာနိုင်ခဲ့တဲ့သူပဲဖြစ်ပါတယ်။ အလင်းရောင်က နောက်ပိုင်းမှာ ရုပ်ရှင်ဇာတ်ကားကြီးတွေမှာလည်း ပါဝင်သရုပ်ဆောင်ခဲ့ပြီး "ရွှေကြာ" ဆိုတဲ့ ဇာတ်ကားကြီးမှာ ဖွေးဖွေးနဲ့အတူ သရုပ်ဆောင်ရင်း လူသိများခဲ့တာပဲ ဖြစ်ပါတယ်။

Photo credit - ALINNYUNG'S FB ACCOUNT

အလင်းရောင်က ယောကျာ်းပီသတဲ့ ကိုယ်ခန္ဓာ အချိုးအစားကို ပိုင်ဆိုင်ထားပြီး စမတ်ကျစွာ နေထိုင်တက်တာကြောင့် နှုတ်ခမ်းနီမလေးတွေရဲ့သည်းသည်းလှုပ်ဝန်းရံခြင်းကိုလည်း ခံရတဲ့မင်းသားတစ်ယောက်လည်းဖြစ်ပါတယ်။ လတ်တလောမှာ တရုတ်နိုင်ငံကကူးစက်ပြန့်ပွားလာတဲ့ ကိုရိုနာဗိုင်းရပ်ရောဂါကြောင့် အနုပညာလှုပ်ရှားမှုတွေကိုရပ်ဆိုင်းထားပြီး အိမ်မှာပဲ သူဝါသနာပါတဲ့ သစ်ပင်လေးတွေကို ရေလောင်းပြုစုရင်း ပျော်ရွှင်စွာ နေထိုင်နေတာပဲဖြစ်ပါတယ်။ 

Photo credit - ALINNYUNG'S FB ACCOUNT

အခုလက်ရှိမှာလည်း အလင်းရောင်က သူရဲ့ ဖေ့ဘွတ်စာမျက်နှာပေါ်မှာ " သင်္ကြန်မှာ မပျော်ရလို့ ညစ်နေပြီလား အသဲတို့ နောက်နှစ်မှ အတိုးချပြီး ကဲကြမယ်လေနော် ဒီနှစ်တော့ အိမ်မှာပဲ ပျော်ပျော်ရွှင်ရွှင်နေရင်း ကျန်းမာရေး ဂရုစိုက်ကြမယ်... Ok နော် ကိုယ်ကတော့ သစ်ပင်လေးတွေပဲ ရေလောင်းလိုက်တယ်လေ ကပ်ဆိုးကြီး အမြန်ပြီးဆုံးလို့ တကမ္ဘာလုံး ငြိမ်းချမ်းပျော်ရွှင်ရပါစေ " ဆိုတဲ့ စာသားလေးနဲ့အတူ သစ်ပင်လေးကို ရေလောင်းရင်း ဓာတ်ဖမ်းထားတဲ့ပုံရိပ်လေးတွေကို တင်ပေးလါတာကြောင့် ချစ်ပရိသတ်ကြီး ကြည့်ရှုစေနိုင်ရန်အတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်...... ။

Photo credit - ALINNYUNG'S FB ACCOUNT

Source & Photo credit - ALINNYUNG'S FB ACCOUNT 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။