ချစ်ပရိသတ်ကြီးရေ အချစ်တော်မလေး သရုပ်ဆောင် ခင်လေးနွယ် ကတော့ အမြဲပျော်ပျော်ရွှင်ရွှင် နေတက်သလို သူတစ်ပါးပေါ်မှာလည်း ကူညီတက်ပြီး စိတ်သဘောထား ပြည့်ဝတဲ့သူလေးပဲဖြစ်လို့ လူအများရဲ့ ချစ်ခြင်းကို အပြည့်အဝရရှိထားတဲ့ သူပဲ ဖြစ်ပါတယ်။ သူမက အနုပညာနယ်ပယ်မှာလည်း ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုအပြင် အနုပညာရှင်မောင်နှမတွေရဲ့ ချစ်ခင်မှုတွေရရှိထားတဲ့ သူလေးပဲဖြစ်ပါတယ်။ ခင်လေးနွယ်က တိုင်းရင်းသူးလေးဖြစ်တာကြောင့် စကားပြောရင်လည်းပွင့်ပွင့်လင်းလင်း ပြောဆိုတက်ပြီး ဖော်ရွေလွန်းတာလည်း ဖြစ်ပါတယ်။ 

Photo credit - Khin Lay Nwe's facebook account

ယခုမှာဆိုရင်လည်း ခင်လေးနွယ်က ချစ်တဲ့ပရိသတ်တွေ အိမ်မှာနေရင်း အလွမ်းပြေ ဖြစ်အောင် ချစ်စရာအမူရာလေးတွေနဲ့ဓာတ်ဖမ်းထားတဲ့ ပုံရိပ်လေးတွေကို တင်ပေးလာခဲ့ပါတယ်။ ဒီပုံလေးတွေထဲမှာလည်း မြင်သူတိုင်းရင်ခုန်သွားစေလောက်မယ့် ဆွဲဆောင်မှုရှိတဲ့ အပြုံးလေးတွေက ညို့အားပြင်းပြင်းဖမ်းစားလိုက်ပြန်ပြီလည်းဖြစ်ပါတယ်။ အနီရောင်ဂါဝန်လေးကို ဝတ်ဆင်ပြီး ကမ်းခြေအနားမှာ ဓာတ်ဖမ်းထားတဲ့ ဒီပုံရိပ်လေးတွေကို ကြည့်ပြီး ပရိသတ်တွေက အချစ်ပိုနေကြမှာ အသေအချာပဲမို့ ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော် ။

Photo credit - Khin Lay Nwe's facebook account

ခင်လေးနွယ်က ပုံရိပ်လေးတွေအပြင် " Happy Easter Sunday အရာအရာတိုင်းမှာ ကျေးဇူးတော်ချီးမွမ်းကြမယ် " ဆိုတဲ့ စာသားလေးကိုလည်း ရေးသားထားတာပဲဖြစ်ပါတယ်။ သူမရဲ့ ပုံရိပ်လေးတွေကို ကြည့်ပြီး ချစ်ပရိသတ်ကြီးက အသည်းလေးတွေပေးခဲ့ဖို့ မမေ့လိုက်ပါနဲ့အုန်းနော်... ။ သူမရဲ့ ဆက်လက်လျှောက်လှမ်းမယ့် အနုပညာလှုပ်ရှားမှုတွေကိုလည်း ချစ်ပရိသတ်ကြီးက အားပေးလိုက်ကြပါအုန်းနော်..... ။

Photo credit - Khin Lay Nwe's facebook account
Photo credit - Khin Lay Nwe's facebook account

Source & Photo credit - Khin Lay Nwe's facebook account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။