ချစ်ပရိသတ်ကြီးရေ တက်သစ်စ မင်းသမီးချောလေးဖြစ်တဲ့ ဆောင်းယွန်းစံ ကတော့ အကယ်ဒမီရွှေကြိုမယ်အဖြစ် လူသိများခဲ့ပြီး ပရိသတ်ရင်ထဲနေရာတစ်နေရာ ယူထားနိုင်တဲ့ သူလေးလည်းဖြစ်ပါတယ်။ သူမက အနုပညာအလုပ်တွေကို ဆက်တိုက်လုပ်ကိုင်နေပြီး Music video တွေနဲ့ ကြော်ငြာတွေကိုလည်း ပါဝင်ရိုက်ကူးနေရတဲ့ သူပဲဖြစ်ပါတယ်။ ဒါ့အပြင် ဆောင်းယွန်းက ရုပ်ရှင်ဇာတ်ကားတွေကိုလည်း ပါဝင်ရိုက်ကူးနေရတဲ့ သူလေးပဲဖြစ်ပါတယ်။

Photo credit -Ko Nyi photography
Photo credit -Ko Nyi photography

လတ်တလောမှာတော့ ဆောင်းယွန်းက အနုပညာလှုပ်ရှားမှုတွေကို ရပ်ဆိုင်းထားပြီး အိမ်မှာပဲ သူမရဲ့ မိသားစုတွေနဲ့အတူ နားနားနေနေ နေထိုင်နေတာလည်းဖြစ်ပါတယ်။ အိမ်မှာနေရင်း ပရိသတ်တွေနဲ့ အဆက်အသွယ်မပြတ်ရအောင် သူမက ပုံရိပ်လေးတွေကို အလွမ်းပြေတင်ပေးလေ့ရှိနေတာပဲ ဖြစ်ပါတယ်။ အခုလက်ရှိမှာလည်း ကျရောက်တဲ့ မြန်မာ့နှစ်သစ်ကူး မဟာသကြ်န်ပွဲတော်ကို အိမ်မှာနေရင်း ဖြတ်သန်းနေရတဲ့ ပုံရိပ်လေးတွေကို တင်ပေးလါတာကြောင့် ချစ်ပရိသတ်ကြီး ကြည့်ရှုစေနိုင်ရန်အတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်..... ။

Photo credit -Ko Nyi photography

ပုံရိပ်လေးတွေအပြင် " သင်္ကြန်အကျနေ့ အိမ်ထဲကနေပဲ သင်္ကြန်အကလေး ကပြရမလား လွမ်းတယ် သင်္ကြန်ရယ် " ဆိုတဲ့ စာသားလေးကိုလည်း ရေးသားထားတာပဲ ဖြစ်ပါတယ်။ သူမရဲ့ ပုံရိပ်လေးတွေကို ကြည့်ရှုပြီး ချစ်ပရိသတ်ကြီးက အသည်းလေးတွေပေးခဲ့ဖို့ မမေ့လိုက်ပါနဲ့အုန်းနော်... ။ 

ဒါ့အပြင် သူမရဲ့ ဆက်လက်လှုပ်ရှားမယ့် အနုပညာလှုပ်ရှားမှုတွေကိုလည်း ချစ်ပရိသတ်တွေက အားပေးကြမယ်မလား... ။

Photo credit -Ko Nyi photography

Photo credit -Ko Nyi photography

Source - Saung Yoon San's FB account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။