မင်းသမီးချောလေးခေးဆက်သွင်ကတော့ MRTV - 4မှာပြသလျက်ရှိနေတဲ့ ဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်ရင်း ပီပြင်တဲ့ သရုပ်ဆောင်ချက်တွေကြောင့် ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကိုရရှိထားသူတစ်ယောက်ဖြစ်ပါတယ်။ ချစ်စရာကောင်းလွန်းတဲ့ ပုံစံလေးတွေနဲ့ ချိုသာလွန်းတဲ့ အပြုံးလေးတွေကိုလည်း ပိုင်ဆိုင်ထားတဲ့ သူမကတော့ ဇာတ်လမ်းတွဲတွေကို ဆက်တိုက် ရိုက်ကူးနေရတဲ့ အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ 

Photo credit - Khay Sett Thwin's fb account
Photo credit - Khay Sett Thwin's fb account

ခေးလေးက လတ်တလောမှာ ကိုရိုနာဗိုင်းရပ်ရောဂါကူးစက်ပြန့်ပွားလာမှုကြောင့် အနုပညာလှုပ်ရှားမှုတွေကို ရပ်ဆိုင်းထားရပြီး အိမ်မှာပဲမိသားစုတွေနဲ့အတူ ပျော်ပျော်ရွှင်ရွှင်နဲ့ နေထိုင်နေတာပဲဖြစ်ပါတယ်။ အိမ်မှာနေရင်း ချစ်ပရိသတ်တွေအလွမ်းပြေ ကြည့်ရှုစေနိုင်ရန်အတွက် ပိုစ့်အလန်းစားလေးတွေနဲ့ ဓာတ်ဖမ်းထားတဲ့ ပုံရိပ်လေးတွေကို သူမရဲ့ လူမှုကွန်ယက် ဆိုရှယ်မီဒီယာကနေတင်ပေးလေ့ရှိတာကြောင့် ပရိသတ်တွေကလည်း အချစ်ပိုနေကြတာပဲဖြစ်ပါတယ်။

Photo credit - Khay Sett Thwin's fb account
Photo credit - Khay Sett Thwin's fb account

အခုလက်ရှိမှာလည်း ခေးဆက်သွင်က သူမရဲ့ ဖေ့ဘွတ်စာမျက်နှာမှာ " ခုတလော ဘုရားရှိခိုးတိုင်း မင်း အန္တရာယ်ကင်း ဘေးရန်ရှင်းပါစေလို့ မေတ္တာပို့ရတာ အကျင့်တွေကို ပါလို့" ဆိုတဲ့ စာသားလေးနဲ့အတူ သူမရဲ့ ပုံရိပ်လေးတွေကိုလည်း တင်ပေးလါတာကြောင့် ချစ်ပရိသတ်ကြီး ကြည့်ရှုပြီး အချစ်ပိုနေမှာအသေအချာပဲမို့ ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်... ။ သူမရဲ့ ပုံရိပ်လေးတွေကိုလည်း ကြည့်ရှုပြီး ချစ်ပရိသတ်ကြီးက အသည်းလေးတွေ ပေးခဲ့ဖို့မမေ့လိုက်ပါနဲ့အုန်းနော်..... ။

Photo credit - Khay Sett Thwin's fb account
Photo credit - Khay Sett Thwin's fb account

Photo credit - Khay Sett Thwin's fb account 

Source  - Khay Sett Thwin's fb account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။