မော်ဒယ်လ်သရုပ်ဆောင် မင်းသမီးချောလေး တစ်ယောက်ဖြစ်တဲ့ မေမြတ်နိုးကတော့ ဖြူစင်တဲ့ စိတ်ထားလေးနဲ့ လူအများအပေါ်မှာ ဖော်ဖော်ရွေရွေ ဆက်ဆံတက်တာကြောင့် ပရိသတ်တွေရဲ့ ချစ်ခင်အားပေးခြင်းကို အပြည့်အဝရရှိထားတဲ့ သူလေးပဲ ဖြစ်ပါတယ်။ မေမြတ်နိုးက နိုင်ငံခြားသူတစ်ယောက်လိုဗိုလ်ဆန်တဲ့အလှတွေကိုပိုင်ဆိုင်ထားတဲ့အပြင် ချောကလက်ရောင် ဆွဲဆောင်မှုရှိတဲ့ အသားအရည်လေးကို ပိုင်ဆိုင်ထားတာကြောင့် ပုရိသတို့အသည်းစွဲ အားပေးဝန်းရံခြင်းကို ခံရတဲ့ သူတစ်ယောက်ပဲ ဖြစ်ပါတယ်။

Photo credit - May Myat Noe's facebook account

Missဆုကြီးကို ထိုက်တန်စွာ ရရှိထားတဲ့ သူမက အနုပညာလှုပ်ရှားမှုတွေကို ကြိုးစားလုပ်ကိုင်နေပြီး ကြော်ငြာတွေနဲ့ Photo shooting တွေကိုလည်း ဆက်တိုက်ရိုက်ကူးနေကာ ဖိတ်ကြားထားတဲ့ ပွဲအခမ်းအနားတွေကိုလည်း လှပစွာ တက်ရောက်လာတဲ့သူလေးပဲ ဖြစ်ပါတယ်။ လတ်တလောမှာတော့ မေမြတ်နိုးက အနုပညာလှုပ်ရှားမှုတွေကို ရပ်ဆိုင်းထားပြီး အိမ်မှာပဲ သူမဝါသနာပါတဲ့ ကိုယ်လက်လေ့ကျင့်ခန်းတွေကို လုပ်ကာ ပျော်ပျော်ရွှင်ရွှင်နဲ့နေထိုင်နေတာပဲဖြစ်ပါတယ်။

Photo credit - May Myat Noe's facebook account

အခုလက်ရှိမှာကျရောက်နေတဲ့ မြန်မာ့နှစ်သစ်ကူး မဟာသကြ်န်ပွဲတော်ကို ကိုရိုနာဗိုင်းရပ်ရောဂါ​ကြောင့် မကျင်းပဖြစ်တဲ့အတွက် အိမ်မှာနေရင်း ဖြတ်သန်းနေရတဲ့ ပုံရိပ့်လေးတွေကို ပရိသတ်တွေအတွက် အလွမ်းပြေစေရန် လူမှုကွန်ယက် ဆိုရှယ်မီဒီယာကနေတင်ပေးလေ့ရှိတာကြောင့် သူမရဲ့ချစ်ပရိသတ်တွေကလည်း အချစ်ပိုနေကြတာပဲ ဖြစ်ပါတယ်။ မေမြတ်နိုးရဲ့ ချစ်စရာကောင်းတဲ့ ပုံရိပ်လေးတွေကို ချစ်ပရိသတ်ကြီးက ကြည့်ရှုစေနိုင်ရန်အတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်..... ။

Photo credit - May Myat Noe's facebook account

Source & Photo credit - May Myat Noe's facebook account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။