ချစ်ပရိသတ်ကြီးရေ ဆွဲဆောင်မှုရှိရှိ အချိုးအစားပြေပြစ်ညီညာတဲ့ ခန္ဓာကိုယ်ကောက်ကြောင်းအလှကို ပိုင်ဆိုင်ထားပြီး ကချင်တိုင်းရင်းသူလေးတစ်ယောက်ဖြစ်တဲ့ စူပါမော်ဒယ်လ် J naw ကိုတော့ ပရိသတ်တွေနဲ့ အထူးတလည်မိတ်ဆက်ပေးစရာလိုမယ်မထင်ပါဘူးနော်...။ သူမဟာဆိုရင်ခန္ဓာကိုယ်အလှကို အထင်သားပေါ်လွင်စေတဲ့ ဖက်ရှင်အလန်းစား အင်္ကျီလေးတွေကို အမြဲဝတ်ဆင်လေ့ရှိတာဖြစ်ပြီး တစ်ကယ့်ကိုအပေါ်အောက် လိုက်ဖက်လှတာဖြစ်ပါတယ်။ 

Photo credit - Maria J Naw's fb account

J Nawကတော့ ပုရိသယောကျာ်းလေးပရိသတ်တွေရဲ့ ဝန်းရံအားပေးမှုကိုအများဆုံးရရှိထားပြီး သူမရဲ့ပုံရိပ်အလှတွေကို လူမှုကွန်ယက်ဆိုရှယ်မီဒီယာကနေ အများဆုံးထုတ်ဖော်တင်ပြသလေ့ရှိတဲ့ သူတစ်ယောက်လည်းဖြစ်ပါတယ်။ တိုင်းရင်းသူပီပီ သူမရဲ့ ရိုးသားပွင့်လင်းတဲ့ အပြုအမူ အပြောအဆို ဆက်ဆံမှုတွေကြောင့်လည်း ပရိသတ်တွေကတစ်ခဲနက်အားပေးနေကြတာဖြစ်ပါတယ်။ လတ်တလောမှာတော့ J Nawက အနုပညာလှုပ်ရှားမှုတွေကို ရပ်ဆိုင်းထားပြီး အိမ်မှာပဲ နားနားနေနေ နေထိုင်နေတာလည်းဖြစ်ပါတယ်။

Photo credit - Maria J Naw's fb account

J Nawက အိမ်မှာနေရင်း ချစ်ပရိသတ်တွေ အလွမ်းပြေစေရန်အတွက် အပျင်းပြေ ဓာတ်ဖမ်းထားတဲ့ ပုံရိပ်လေးတွေကို ဖေ့ဘွတ်စာမျက်နှာကနေ တင်ပေးလေ့ရှိနေတာကြောင့် သူမရဲ့ ချစ်ပရိသတ်တွေကလည်း အချစ်ပိုနေကြတာပဲ ဖြစ်ပါတယ်။ အခုလက်ရှိမှာလည်း " ဒီ ကပ်ကြီး ပီး သွား လို့ ဝက်ကြီး အဖြစ် နဲ့ ပြန်တွေ့ကြရင် မလန့်ကြေး နော်" ဆိုတဲ့ စာသားလေးနဲ့အတူ ချစ်စရာကောင်းတဲ့ ပုံရိပ်လေးတွေကို တင်ပေးလါတာကြောင့် ချစ်ပရိသတ်ကြီး ကြည့်ရှုစေနိုင်ရန်အတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်...... ။

Photo credit - Maria J Naw's fb account

Source & Photo credit - Maria J Naw's fb account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။