ချစ်ပရိသတ်ကြီးရေ ဆယ်ကျော်သက် နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲ အားပေးချစ်ခင်ခြင်းကို အပြည့်အဝရရှိထားတဲ့ သူလေးကတော့ မော်ဒယ်လ် မင်းသားချောလေး အောင်လေးပဲ ဖြစ်ပါတယ်။

အမြဲအထာကျကျ သန့်ပြန့်နေပြီး ဖက်ရှင်ကျကျနေထိုင်တက်တဲ့ အောင်လေးက ကိုရီးယားမင်းသားတွေ ရှုံးလောက်တဲ့ ရုပ်ရည်နဲ့ body အမိုက်စားတွေကို ပိုင်ဆိုင်ထားတာကြောင့် ပျိုမေတွေရဲ့ အသည်းကျော်တစ်ဦးအဖြစ် နာမည်ကြီးအောင်မြင်နေသူ ဖြစ်ပါတယ်။ 

Photo credit - Aung Lay's facebook account
Photo credit - Aung Lay's facebook account

အောင်လေးကတော့ ဗီဒီယို ဇာတ်ကားတွေ အတော်များများမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး ပီပြင်တဲ့ သရုပ်ဆောင်မှုတွေကြောင့်ပရိသတ်တွေရဲ့ လက်ခံအားပေးခြင်းကို ခံရတဲ့ သူလည်းဖြစ်ပါတယ်။ လတ်တလောမှာတော့ အောင်လေးက အနုပညာလှုပ်ရှားမှုတွေ ဖြည်းဖြည်းနဲ့ မှန်မှန်သာလုပ်ဆောင်နေပြီး သူရဲ့ လှုပ်ရှားမှုမှန်သမျှကို လူမှုကွန်ယက် ဆိုရှယ်မီဒီယာကနေ တင်ပေးလေ့ရှိတာကြောင့်ပရိသတ်တွေကလည်း စွဲမက်စွာအားပေးခဲ့ကြတာလည်း ဖြစ်ပါတယ်။ 

Photo credit - Aung Lay's facebook account
Photo credit - Aung Lay's facebook account

အခုလက်ရှိမှာတော့ အောင်လေးက ဆွဲဆောင်မှုရှိတဲ့ ပုံရိပ်လေးတွေကို ဖေ့ဘွတ်စာမျက်နှာကနေတဆင့် မျှဝေပေးလါတာကြောင့် ချစ်ပရိသတ်ကြီး ကြည့်ရှုစေနိုင်ရန်အတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်.... ။ " အိမ်မှာနေရင်းအားရှိအောင် ပုံလေးတွေကြည့်ပါ " ဆိုတဲ့ စာသားလေးကိုလည်း ရေးသားထားတာပဲဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်ကြီးက အောင်လေးရဲ့ ပုံရိပ်တွေကို ကြည့်ပြီး အသည်းလေးတွေပေးခဲ့ဖို့ မမေ့လိုက်ပါနဲ့အုန်းနော်..... ။ 

Photo credit - Aung Lay's facebook account
Photo credit - Aung Lay's facebook account

Source & Photo credit - Aung Lay's facebook account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။