ချစ်ပရိသတ်ကြီးရေ သရုပ်ဆောင် မင်းသမီးချောလေး ရွှေမှုန်ရတီကတော့ အနုပညာပျိုးခင်းရဲ့ စင်တင်မင်းသမီးတစ်လက်အဖြစ် အနုပညာလောကထဲကိုစတင် ဝင်ရောက်လာခဲ့သူလေးပဲ ဖြစ်ပါတယ်။ ရွှေမှုန်ရတီက အသက်အရွယ်ငယ်ရွယ်ပေမယ့် အနုပညာအရည်အချင်း အပြည့်အဝရှိသူမို့ အချိန်ခဏလေးအတွင်းမှာ အောင်မြင်မှုကို ရရှိခဲ့ပြီး ရုပ်ရှင်ဇာတ်ကားကြီးတွေကိုလည်း ဆက်တိုက်သရုပ်ဆောင်နေရသူလေးပဲ ဖြစ်ပါတယ်။ 

Photo credit - Shwe Mhone Yati's fb account
Photo credit - Shwe Mhone Yati's fb account

ရွှေမှုန်ရတီက အဆိုတော်ရွှေထူးနဲ့အတူ သာယာပျော်ရွှင်ဖွယ်ကောင်းတဲ့ မိသားစုဘဝလေးကို တည်ဆောင်ထားကြပြီး ပရိသတ်က အားကျရတဲ့ စုံတွဲတစ်တွဲလည်းဖြစ်ပါတယ်။ နားလည်မှုအပြည့်နဲ့ တည်ဆောက်ထားတဲ့ အိမ်ထောင်ရေးလေးဖြစ်လို့ နွေးထွေးပျော်ရွှင်စရာတွေနဲ့ ပြည့်နေတာပဲ ဖြစ်ပါတယ်။ အခုလက်ရှိမှာတော့ သူတို့နှစ်ဦးက ကိုရိုနာဗိုင်းရပ်ရောဂါ ကူးစက်ပြန့်ပွားလာတဲ့ ပြသနာတွေကြောင့် အနုပညာလှုပ်ရှားမှုတွေကို ရပ်ဆိုင်းထားပြီး အိမ်မှာပဲ နားနားနေနေ နေထိုင်နေတာလည်းဖြစ်ပါတယ်။

Photo credit - Shwe Mhone Yati's fb account
Photo credit - Shwe Mhone Yati's fb account

ရွှေမှုန်က မကြာသေးမီက သူမရဲ့ ဖေ့ဘွတ်စာမျက်နှာပေါ်မှာ ချစ်စရာကောင်းစွာ ဓာတ်ဖမ်းထားတဲ့ ပုံရိပ်လေးတွေကို တင်ပေးလါခဲ့ပြီး " အိမ်မှာပျင်းနေကြပြီလား" ဆိုတဲ့ စာသားလေးကိုလည်း ရေးသားထားတာပဲဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်ကြီးလည်း အိမ်မှာနေရင်း အလွမ်းပြေကြည့်ရှုစေနိုင်ရန်အတွက် ရွှေမှုန်ရတီ ရဲ့ ပုံလေးတွေကို ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်.... ။ သူမရဲ့ ပုံလေးတွေကိုကြည့်ပြီး ပရိသတ်ကြီးက အသည်းလေးတွေပေးခဲ့ဖို့ မမေ့လိုက်ပါနဲ့အုန်းနော်...... ။

Photo credit - Shwe Mhone Yati's fb account
Photo credit - Shwe Mhone Yati's fb account

Source & Photo credit - Shwe Mhone Yati's fb account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။