ချစ်ပရိသတ်ကြီးရေ သရုပ်ဆောင် မင်းသမီးချောလေး နန်းသူဇာကတော့ ချိုသာတဲ့ အသံလေးနဲ့ ရင်ခုန်ချင်စရာ အပြုံးလှလှလေးတွေကို ပိုင်ဆိုင်ထားသူလေး ဖြစ်ပြီး ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို အပြည့်အဝရရှိထားသူတစ်ယောက်ဖြစ်ပါတယ်။ နန်းသူဇာက ပျော်ပျော်နေတက်ပြီး အမြဲပြုံးရွှင်နေတဲ့ မျက်နှာလေးအပြင် ဖြူစင်လွန်းတဲ့ စိတ်ဓာတ်လေးကြောင့် အများက ချစ်ခင်နှစ်သက်ရတဲ့ ပြည်သူချစ်အနုပညာရှင်လေးတစ်ဦးပဲဖြစ်ပါတယ်။

Photo credit - Nann Thuzar's facebook page

ဒါ့အပြင် နန်းသူဇာက ကိုယ်ပိုင်သီချင်းတွေကို သီဆိုထားပြီး လူငယ်တွေကြားမှာ ရေပန်းစားလူကြိုက်များတဲ့ သီချင်းတွေလည်းဖြစ်ပါတယ်။ ယခုလက်ရှိမှာတော့ သူမက အနုပညာလှုပ်ရှားမှုတွေကို ရပ်ဆိုင်းထားပြီး အိမ်မှာနေရင်း ချစ်စရာကောင်းတဲ့ပုံရိပ်လေးတွေကို လူမှုကွန်ယက်ထက် တင်ပေးလေ့ရှိပါတယ်။ ယခုမှာတော့ သူမဟာ အသည်းယားစရာကောင်းလောက်အောင် ချိူသာလွန်းတဲ့ အပြုံးလေးတွေနဲ့ ချစ်စရာကောင်းနေတဲ့ ပုံရိပ်လေးတွေကို ချပြလာခဲ့တာပဲ ဖြစ်ပါတယ်။ 

Photo credit - Nann Thuzar's facebook page

ချစ်စရာကောင်းတဲ့ ပုံရိပ်လေးတွအပြင် " အိမ်မှာရိုက်ထားတဲ့ ၁၄၆ ပုံထဲက ၄ ပုံ တင်သည်" ဆိုတဲ့ စာသားလေးကိုလည်း ရေးသားထားတာကြောင့် ချစ်ပရိသတ်ကြီး ကြည့်ရှုစေနိုင်ရန်အတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်...။

နန်းသူဇာရဲ့ ပုံရိပ်လေးတွေကို ကြည့်ပြီး ပရိသတ်ကြီးက အသည်းလေးတွေပေးခဲ့ဖို့ မမေ့လိုက်ပါနဲ့အုန်းနော်..... ။ 

Photo credit - Nann Thuzar's facebook page
Photo credit - Nann Thuzar's facebook page

Source & Photo credit - Nann Thuzar's facebook page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။