ပရိသတ်တွေရဲ့အချစ်တွေကို အခိုင်အမာသိမ်းပိုက်ရယူထားကြတဲ့ အနုပညာရှင် မျိုးဆက်သစ်လူငယ်တွေထဲမှာ သရုပ်ဆောင်မင်းသမီးချောလေး ဆောင်းယွန်းကတော့ တစ်ယောက်အပါအဝင်ပါပဲနော် ။ ဆောင်းယွန်းက အကယ်ဒမီရွှေကြိုကနေ အောင်မြင်တဲ့အနုပညာရှင် မင်းသမီးချောလေးအဖြစ် လျှောက်လှမ်းနေသူတစ်ယောက်ပဲ ဖြစ်ပါတယ်..။ သရုပ်ဆောင်ကောင်းတဲ့အပြင် ချစ်စရာကောင်းတဲ့ ဟန်ပန်လေးတွေနဲ့ ပရိသတ်တွေကို အမြဲအသည်းယားဖမ်းစားတတ်တဲ့ မင်းသမီးချောလေး ဆောင်းယွန်းစံကတော့ ယောကျ်ားလေးပရိသတ်တွေ သည်းသည်းလှုပ်ချစ်ရသူလေးဆိုလည်း မမှားပါဘူး..။

Photo credit - Glory photography

သူမက အနုပညာလှုပ်ရှားမှုပုံရိပ်လေးတွေနဲ့ နေ့စဥ်လှုပ်ရှားမှုပုံရိပ်လေးတွေကို လူမှုကွန်ယက်စာမျက်နှာမှတဆင် သူမရဲ့ချစ်ပရိသတ်တွေဆီကို အမြဲမျှဝေပေးလျှက်ရှိနေတာကြောင့် အဆက်အသွယ်ရှိပြီး ပရိသတ်တွေရဲ့အချစ်တွေကိုလည်း အပြည့်အဝသိမ်းပိုက်ရယူထားနိုင်တဲ့ သူလဲ ဖြစ်ပါတယ်။ သူမက Photo shooting တွေကို အများဆုံးရိုက်ကူးလေ့ရှိပြီး လှပတဲ့ ဖက်ရှင်လေးတွေကြောင့် မြင်သူတကာငေးရတဲ့ သူလည်းဖြစ်ပါတယ်။

Photo credit - Glory photography

အခုလက်ရှိမှာလည်း ဆောင်းယွန်းက ပင်လယ်ကမ်းခြေမှာ အဖြူရောင်ဝတ်စုံလေးနဲ့ ဓာတ်ဖမ်းထားတဲ့ အလှပုံရိပ်လေးတွေကို သူမရဲ့ ဖေ့ဘွတ်စာမျက်နှာကနေ တင်ပေးလါတာပဲဖြစ်ပါတယ်။ ချစ်ပရိသတ်ကြီးလည်း ဆောင်းယွန်းရဲ့ ပုံလေးတွေကို ကြည့်ပြီး အချစ်ပိုနေမှာ အသေအချာပဲမို့ ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်.... ။ သူမရဲ့ ပုံလေးတွေကိုကြည့်ပြီး ချစ်ပရိသတ်ကြီးက အသည်းလေးတွေပေးခဲ့ဖို့ မမေ့လိုက်ပါနဲ့အုန်းနော်..... ။

Photo credit - Glory photography

Photo credit - Glory photography

Source - Saung Yoon San's Facebook account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။