ချစ်ပရိသတ်ကြီးရေ တေးဂီတလောကမှာ Rapသီချင်းတွေကို ကိုယ်တိုင်ရေးသားသီဆိုရင်း ပရိသတ်ရင်ထဲ အချိန်တိုလေးအတွင်းမှာ နေရာတစ်ခုကို အခိုင်အမာအရယူထားတဲ့ သူလေးကတော့ အဆိုတော်မလေး မိစန္ဒီပဲ ဖြစ်ပါတယ်။

သူမကတော့ အသံပါဝါကောင်းကောင်းနဲ့ စင်မြင့်ထက်မှာ ယုံကြည်မှုရှိစွာ သီဆိုတက်ပြီး ထွက်ရှိထားတဲ့ သီချင်းအတော်များများကလည်း လူငယ်တွေကြားမှာ ရေပန်းစားလူကြိုက်များခဲ့တာကြောင့် အောင်မြင်မှုများစွာရရှိထားတဲ့ သူတစ်ယောက်လည်းဖြစ်ပါတယ်။

Photo credit - Mi Sandi's Facebook account

သီချင်းအသစ် အသစ် တွေကို သူမတူအောင် ဖန်တီးရေးသားတက်တာကြောင့် သူမရဲ့ ချစ်ပရိသတ်တွေကလည်း ချီးကျူးမဆုံးဖြစ်နေကြတာပဲ ဖြစ်ပါတယ်။လတ်တလောမှာတော့ သူမက အနုပညာလှုပ်ရှားမှုတွေကို ရပ်ဆိုင်းထားပြီး အိမ်မှာပဲ မိသားစုတွေနဲ့အတူ ပျော်ပျော်ရွှင်ရွှင်နဲ့ နေထိုင်နေတာပဲဖြစ်ပါတယ်။အိမ်မှာနေရင်း ပရိသတ်တွေနဲ့ အဆက်အသွယ်မပြတ်ရအောင် အပျင်းပြေ ဓာတ်ဖမ်းထားတဲ့ ပုံရိပ်လေးတွေကို လူမှုကွန်ယက်ဆိုရှယ်မီဒီယာကနေ တင်ပေးလေ့ရှိနေတာပဲ ဖြစ်ပါတယ်။ 

Photo credit - Mi Sandi's Facebook account

အခုလက်ရှိမှာလည်း မိစန္ဒီက သူမရဲ့ ဖေ့ဘွတ်စာမျက်နှာကနေ " အဝါရောင်လေးက ဘယ်သူလဲ ဘယ်ကလဲကွယ် ဒီနှစ်သင်္ကြန်မှာ ဒီမျက်မှန်ကို တပ်မယ်ဆိုပြီး အားခဲထားတာ အခုတော့ အိမ်ထဲမှာပဲ တပ်လိုက်ရပါတယ် ၂၀၂၀ သကြင်္န်သာ ရှိခဲ့ရင် အဝါလေးက Mi Sandi ရဲ့ အကြိုနေ့ fashion ပေါ့နော် " ဆိုတဲ့ စာသားလေးနဲ့အတူ စမတ်ကျကျနဲ့ ဓာတ်ဖမ်းထားတဲ့ ပုံရိပ်လေးတွေကို တင်ပေးလါတာကြောင့် ချစ်ပရိသတ်ကြီး ကြည့်ရင်း အချစ်ပိုမိစေမှာ အသေအချာပဲမို့ ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်..... ။

Photo credit - Mi Sandi's Facebook account

Source & Photo credit - Mi Sandi's Facebook account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။