ချစ်ပရိသတ်ကြီးရေ မော်ဒယ်လ်သရုပ်ဆောင် မင်းသမီးချောလေး မေမြတ်နိုး ကတော့

Miss Asia Pacific World 2014ဆုကို ထိုက်တန်စွာရရှိထားပြီး အနုပညာလောကထဲမှာ အခုချိန်ထိတိုင်အောင်မြင်မှုများစွာနဲ့ ရပ်တည်နေတဲ့သူတစ်ယောက်ပဲ ဖြစ်ပါတယ်။ မေမြတ်နိုးက နိုင်ငံခြားသူလေးတစ်ယောက်လို ဘိုဆန်တဲ့ အလှမျိုးကို ပိုင်ဆိုင်ထားတာလည်းဖြစ်ပါတယ်။ ဒါ့အပြင် သူမက အဝတ်အစားဝတ်ရင်လည်း စမတ်ကျပြီး အထာကျကျလှပနေတာကြောင့် ပုရိသယောကျ်ားလေး ပရိသတ်တွေသာမကပဲ မိန်းကလေးအချင်းချင်းကပါ အားကျချစ်ခင်နေကြတာလည်းဖြစ်ပါတယ်။

Photo credit - May Myat Noe's facebook account
Photo credit - May Myat Noe's facebook account

မေမြတ်နိုးက အမိုက်စားပိုစ့်လေးတွေနဲ့ ဓါတ်ဖမ်းထားတဲ့ ပုံရိပ်လေးတွေအပြင် နေ့စဉ်လှုပ်ရှားမှုပုံရိပ်လေးတွေကို ဖေ့ဘွတ်စာမျက်နှာကနေ မျှဝေပေးလေ့ရှိတာကြောင့် ပရိသတ်တွေနဲ့ အဆက်အသွယ်ရှိနေခဲ့တာလည်းဖြစ်ပါတယ်။ လတ်တလောမှာတော့ သူမက အနုပညာလှုပ်ရှားမှုတွေကိုရပ်ဆိုင်းထားပြီး အိမ်မှာပဲ သူမဝါသနာပါတဲ့ကိုယ်လက်လေ့ကျင့်ခန်းတွေကို လုပ်ရင်း နားနားနေနေနေထိုင်နေတာလည်းဖြစ်ပါတယ်။

Photo credit - May Myat Noe's facebook account

မေမြတ်နိုးက မကြာသေးမီက သူမရဲ့ ဖေ့ဘွတ်စာမျက်နှာပေါ်မှာ "ပျော်အောင်နေဖို့က တကယ်တော့မလွယ်ဘူး " ဆိုတဲ့ စာသားလေးနဲ့အတူ သူမရဲ့ အိမ်နေရင်း ဓာတ်ဖမ်းထားတဲ့ ပုံရိပ်လေးတွေကို ချစ်ပရိသတ်တွေ ကြည့်ရှုစေနိုင်ရန်အတွက် တင်ပေးလါတာပဲ ဖြစ်ပါတယ်။ မေမြတ်နိုးရဲ့ ပုံရိပ်လေးတွေကို ကြည့်ရင်း ပရိသတ်တွေ အချစ်ပိုမိစေမှာ အသေအချာပဲမို့ ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်..... ။ 

Photo credit - May Myat Noe's facebook account

Source & Photo credit - May Myat Noe's facebook account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။