ချစ်ပရိသတ်ကြီးရေ အမြဲတမ်းနုပျိုလန်းဆန်းကာ ဆယ်ကျော်သက်မလေးအလားထင်မှားရလောက်အောင် နုပျိုလှပနေသူကတော့ မြန်မာနိုင်ငံရဲ့ ထိပ်တန်းမင်းသမီးချောလေး အိန္ဒြာကျော်ဇင်ပဲ ဖြစ်ပါတယ်။ သူမကို အများက ချစ်စနိုးနဲ့ အူဝဲလို့ ခေါ်ကြတာလည်း ဖြစ်ပါတယ်။ အူဝဲဟာ ဆယ်စုနှစ်တွေများစွာ အောင်မြင်မှုတွေများစွာ ရရှိထားတဲ့ မင်းသမီးတစ်လက်လည်း ဖြစ်ပါတယ်။ ပီပြင်ပိုင်နိုင်လွန်းတဲ့ သရုပ်ဆောင်ကောင်းမှုတွေကြောင့် ဆယ်စုနှစ်တွေကတည်းက ပရိသတ်တွေရဲ့တခဲနက် အားပေးဝန်းရံမှုတွေကို အများဆုံးရရှိထားပြီး ကျော့ရှင်းတဲ့ ပင်ကိုယ်အလှတရားတွေကလည်း ပရိသတ်တွေကို ဖမ်းစားထားတာပါ..။ 

Photo credit - Eaindra Kyaw Zin's facebook page
Photo credit - Eaindra Kyaw Zin's facebook page

လတ်တလောမှာတော့ အူဝဲက ကိုရိုနာဗိုင်းရပ်ရောဂါ ကူးစပ်ပြန့်ပွားလာတဲ့ ကိစ္စတွေကြောင့် အနုပညာလှုပ်ရှားမှုတွေကို ခေတ္တရပ်ဆိုင်းထားပြီး အိမ်မှာပဲ သူမချစ်ရတဲ့ မိသားစုတွေနဲ့အတူ ပျော်ပျော်ရွှင်ရွှင်နဲ့ နေထိုင်နေတာပဲဖြစ်ပါတယ်။ အူဝဲက မြန်မာ့နှစ်သစ်ကူး မဟာသကြ်န်ပွဲတော်ကြီးကို အိမ်မှာနေရင်း ဖြတ်သန်းကာ ယနေ့ကျရောက်တဲ့ သကြ်န်အတက်နေ့မှာ ပရိသတ်တွေကို လူမှုကွန်ယက်ဖေ့ဘွတ်စာမျက်နှာကနေ သပြေခက်လေးနဲ့ ရေပက်နေတဲ့ ပုံရိပ်လေးတွေကို တင်ပေးလါတာပဲ ဖြစ်ပါတယ်။ 

Photo credit - Eaindra Kyaw Zin's facebook page
Photo credit - Eaindra Kyaw Zin's facebook page
Photo credit - Eaindra Kyaw Zin's facebook page

ပုံလေးတွေအပြင် " 2020ခုနှစ်ရဲ့ မြန်မာ့ရိုးရာအတာသင်္ကြန် နောက်ဆုံးနေ့လေးမှာ ချစ်သောပရိသတ်ကြီးအားလုံးကို အေးချမ်းအောင် သပြေခက်နဲ့ မေတ္တာရေလေး ဖျန်းပက်လိုက်တယ်နော် မြန်မာပြည်သူပြည်သားအားလုံး, ကမ္ဘာသူကမ္ဘာသား အားလုံး Covid-19 ကပ်ရောဂါဆိုးကြီးမှ အမြန်ဆုံးကင်းလွတ်နိုင်ကြပြီး ကိုယ်ကျန်းကျန်းမာမာ စိတ်ချမ်းချမ်းသာသာ နဲ့ ပျော်ရွှင်အေးချမ်းတဲ့နေ့ရက်တွေကို အမြန်ဆုံး လျှောက်လှမ်းနိုင်ကျပါစေ" ဆိုတဲ့ စာသားလေးကိုလည်း ရေးသားထားတာကြောင့် ချစ်ပရိသတ်ကြီး ကြည့်ရှုစေနိုင်ရန်အတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်.......။

Photo credit - Eaindra Kyaw Zin's facebook page
Photo credit - Eaindra Kyaw Zin's facebook page

Source & Photo credit - Eaindra Kyaw Zin's facebook page 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။