ချစ်ပရိသတ်ကြီးရေ နှစ်လိုဖွယ်ကောင်းတဲ့ အပြုံးလေးနဲ့ အေးချမ်းလှပတဲ့ မျက်နှာလေးကို ပိုင်ဆိုင်ထားတဲ့ သူလေးကတော့ သရုပ်ဆောင် မင်းသမီးချောလေး မိုးယုစံပဲ ဖြစ်ပါတယ်။ သူမက သရုပ်ဆောင်ရာမှာလည်း ဇာတ်ရုပ်ကို ပိုင်ပိုင်နိုင်နိုင်နဲ့ သရုပ်ဆောင်တတ်ပြီး ပရိသတ်တွေရဲ့အားပေးမှုနဲ့ အောင်မြင်မှုများစွာကို တခဲနက် ရရှိထားသူလေး ဖြစ်ပါတယ်။ ရုပ်ရှင်ဇာတ်ကားများစွာကို ရိုက်ကူးခဲ့တဲ့ မိုးယုက အခုလက်ရှိမှာတော့ သရုပ်ဆောင်အလုပ်ကို ရပ်နားထားပြီး သူမချစ်ရတဲ့ မိသားစုကို အချိန်ပေးရင်း နေထိုင်နေသူတစ်ယောက်ပဲ ဖြစ်ပါတယ်။  

Photo credit - Moe Yu San's facebook account
Photo credit - Moe Yu San's facebook account

မိုးယုက အနုပညာအလုပ်တွေကို မလုပ်ဖြစ်တော့ပေမယ့် သူမရဲ့ နေ့စဥ်လှုပ်ရှားမှု ပုံရိပ်လေးတွေကို လူမှုကွန်ယက်ဆိုရှယ်မီဒီယာကနေ မျှဝေပေးလျက်ရှိနေတာကြောင့် ပရိသတ်တွေနဲ့ အမြဲအဆက်အသွယ်ရှိနေတာလည်းဖြစ်ပါတယ်။ လတ်တလောမှာတော့ မိုးယုတို့မိသားစုလေးက မြန်မာ့နှစ်သစ်ကူး မဟာသကြ်န်ပွဲတော်ကို အိမ်မှာနေရင်း ပျော်ပျော်ရွှင်ရွှင်နဲ့ ဖြတ်သန်းနေတဲ့ ပုံရိပ်လေးတွေကို သူမရဲ့ ဖေ့ဘွတ်စာမျက်နှာကနေ တင်ပေးလါတာပဲ ဖြစ်ပါတယ်။

Photo credit - Moe Yu San's facebook account
Photo credit - Moe Yu San's facebook account
Photo credit - Moe Yu San's facebook account

မိုးယုက သားသားလေး Austinနဲ့အတူ လေထိုးရေကန်ကြီးထဲမှာ ပျော်ရွှင်စွာ ဆော့ကစားနေတဲ့ ပုံလေးကို တင်ရင်း " သင်္ကြန်အတတ်နေ့ဆိုတော့ သားသားလေးလည်းပျော်အောင် stay homeရင်း ၂၀၂၀သင်္ကြန်ကိုနှုတ်ဆက်လိုက်ပါတယ်" ဆိုတဲ့ စာသားလေးကိုလည်း ရေးသားထားတာပဲဖြစ်ပါတယ်။

ကဲ ချစ်ပရိသတ်ကြီးလည်း မိုးယုတို့ သားအမိနှစ်ယောက်ရဲ့ ပုံလေးတွေကို ကြည့်ပြီး အချစ်ပိုနေမှာ အသေအချာပဲမို့ ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်....... ။

Photo credit - Moe Yu San's facebook account
Photo credit - Moe Yu San's facebook account
Photo credit - Moe Yu San's facebook account

Source & Photo credit - Moe Yu San's facebook account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။