ချစ်ပရိသတ်ကြီးရေ MRTV-4 မင်းသားချောလေးဖြစ်တဲ့ သရုပ်ဆောင် ကောင်းမြတ်စံကိုတော့ ပရိသတ်တွေအနေနဲ့ ရင်းနှီးပြီးသားဖြစ်မှာပါ။ ကောင်းမြတ်စံ က ဇာတ်လမ်းတွဲ အတော်များများမှာ ပါဝင်ရိုက်ကူးခဲ့ပြီး ပီပြင်တဲ့ သရုပ်ဆောင်မှုတွေကြောင့် ပရိသတ်ရင်ထဲ အချိန်တိုလေးအတွင်း နေရာယူထားနိုင်တဲ့ သူလေးပဲဖြစ်ပါတယ်။ သူက ဇာတ်လမ်းတွဲတွေအပြင် ကြော်ငြာတွေနဲ့ photo shooting တွေ ကိုလည်း ရိုက်ကူးနေရပြီး ရုပ်ရှင်ဇာတ်ကားကြီးတွေမှာပါ ပါဝင်သရုပ်ဆောင်နေရတဲ့ သူတစ်ယောက်ပဲ ဖြစ်ပါတယ်။

Photo credit - Kaung Myat San's Facebook account
Photo credit - Kaung Myat San's Facebook account

ကောင်းမြတ်စံ က ချစ်စရာကောင်းတဲ့ ဟန်ပန်အမှုအရာလေးတွေနဲ့ သွက်သွက်လက်လက်ပြောဆို ပြုမှုပုံ​လေးတွေအပြင် သူရဲ့ ပြုံးလိုက်တိုင်း ပေါ်လာတဲ့ ပါးချိိုင့်လေးကြောင့် ဆယ်ကျော်သက်နှုတ်ခမ်းနီမလေးတွေရဲဲ့ အသည်းစွဲ မင်းသားတစ်လက်ဆိုရင်လည်း မမှားနိုင်ပါဘူးနော် ။ ဒါ့အပြင် ကောင်းမြတ်စံက စကားတက်လွန်းတာကြောင့် ပရိသတ်တွေရဲ့ အားပေးမှုများသာမကပဲ အနုပညာရှင် ညီအကိုမောင်နှမ အချင်းချင်းကပါ ချစ်ခင်နေကြတာလည်းဖြစ်ပါတယ်။ 

Photo credit - Kaung Myat San's Facebook account
Photo credit - Kaung Myat San's Facebook account

အခုလက်ရှိမှာလည်း ကောင်းမြတ်စံ က သူရဲ့ ဖေ့ဘွတ်စာမျက်နှာပေါ်မှာ " ဒီနှစ်ရေမကစားရလို့ စိတ်ညစ်နေတယ်ဆို လာကိုကိုနဲ့လိုက်ခဲ့ ရေအတူတူကစားမယ် " ဆိုတဲ့ စာသားလေးနဲ့အတူ ချစ်စရာကောင်းစွာ ဓာတ်ဖမ်းထားတဲ့ ပုံရိပ်လေးတွေကို တင်ပေးလါတာပဲဖြစ်ပါတယ်။ ကောင်းမြတ်စံ ရဲ့ ပုံလေးတွေကို ကြည့်ပြီး ချစ်ပရိသတ်ကြီးက အချစ်ပိုစေရန်အတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်.... ။ သူရဲ့ ပုံလေးတွေကို ကြည့်ပြီး အသည်းလေးတွေပေးခဲ့ဖို့ မမေ့လိုက်ပါနဲ့အုန်းနော်....... ။

Photo credit - Kaung Myat San's Facebook account

Source & Photo credit - Kaung Myat San's Facebook account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။