မန်ချက်စတာယူနိုင်တက်အသင်းအနေဖြင့် အသင်း၏ကွင်းလယ်လူ မိုက်ကယ်ကာရစ်အတွက်ဂုဏ်ပြုဘောလုံးပွဲကို ၂၀၁၇ ဇွန်လ ၄ရက် တနင်္ဂနွေနေ့ မြန်မာစံတော်ချိန် ည၈နာရီမှာ မန်ချက်စတာယူနိုင်တက်အသင်း၏အိမ်ကွင်း အိုးထရက်ဖို့ကွင်းမှာ ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။ ကစားလို့ရရှိလာတဲ့ ကွင်းဝင်ကြေးနဲ့ပိုက်ဆံတွေကို Michael Carrick Foundation ကိုပေးအပ်လှူဒါန်းသွားမှာဖြစ်ပါတယ်။

ဒီပွဲကို ချန်ပီယံလိဂ်ဖလားရခဲ့တဲ့ ၂၀၀၈က မန်ချက်စတာယူနိုင်တက်အသင်းသားတွေပါဝင်တဲ့ Manchester United 2008 XI နဲ့ မိုက်ကယ်ကာရစ်ရွှေးချယ်ထားတဲ့ Michael Carrick All-Star XI ဆိုတဲ့အသင်း၂သင်းက မန်ချက်စတာယူနိုင်တက်အသင်း၏အိမ်ကွင်း အိုးထရက်ဖို့ကွင်းမှာ ပြိုင်ဆိုင်သွားမှာပါ။ Michael Carrick All-Star XI အသင်းမှာ လမ်းပတ်၊ ဂျရတ်၊ မိုက်ကယ်အိုဝင်၊ ရှေးဂစ်ဗင်း၊ ဖီးနဗီး၊ တယ်ရီ၊ အဘီဒယ်၊ ကာရေဂါ ဆီးဒေါ့ဖ်၊ ရော်ဘီကိန်း၊ ဒပ်ဖ်၊ ဂူဂျွန်ဆင်အပြင် ကစားသမားကောင်းများစွာပါဝင်နေပြီး ဟယ်ရီရက်နက်ကနည်းပြသွားမှာပါ။

Manchester United 2008 XI အသင်းမှာတော့ ချန်ပီယံလိဂ်ဖလားရခဲ့တဲ့ ၂၀၀၈က မန်ချက်စတာယူနိုင်တက်အသင်းသားတွေဖြစ်တဲ့ ဗန်ဒါဆား၊ နဗီး၊ အီဗရာ၊ ဘရောင်း၊ ဗီဒစ်၊ ဖာဒီနန်၊ ဂစ်၊ ပေါစခိုး၊ ဖလက်ချာ၊ ဆာဟာ၊ ရွန်းနီ တို့အပြင် အခြား ချန်ပီယံလိဂ်ဖလားရခဲ့တဲ့ ၂၀၀၈က မန်ချက်စတာယူနိုင်တက်အသင်းသားဟောင်းများပြန်ပါဝင်လာပြီး ချန်ပီယံလိဂ်ဗိုလ်လုပွဲနဲ့တိုက်နေတဲ့ ရော်နယ်ဒိုနေရာမှာတော့ ဘာဘာတော့ဗ်ကပါဝင်လာပြီးတော့ မန်ချက်စတာယူနိုင်တက်အသင်း၏ဂန္တဝင်နည်းပြ ဆာအဲလက်စ်ဖာဂူဆန်က ကိုင်တွယ်သွားမှာပါ။

Source-The Sun

Hein 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။