ပရီးမီးယားလိဂ်ချန်ပီယံ ချယ်ဆီးအသင်း၏ တောင်ပံတိုက်စစ်ကစားသမား ဘယ်ဂျီယံသားအီဒင်ဟာဇတ်ကို ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးဖြင့်ကမ်းလှမ်းရန် နည်းပြဇီဒန်း၏ စပိန်လာလီဂါချန်ပီယံ ရီးရဲမက်ဒရစ်အသင်းက အသင့်အနေထားဖြင့်ရှိနေသည်ဟု ဥရောပအားကစားမီဒီယာများက ဖော်ပြရေးသားလျက်ရှိသည်။

ရီးရဲမက်ဒရစ်အသင်းအနေဖြင့် ချယ်ဆီးအသင်း၏ တောင်ပံတိုက်စစ်ကစားသမား အီဒင်ဟာဇတ်ကို ခေါ်ယူရန်စိတ်ဝင်စားနေသည်မှာ ယမန်နှစ်ဘောလုံးရာသီကတည်းကပင်ဖြစ်ပြီး ယခုအခါ ဟာဇတ်အားအမိအရခေါ်ယူရန် ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးဖြင့်ကမ်းလှမ်းရန်ပင် ရီးရဲမက်ဒရစ်အသင်းတာဝန်ရှိသူများက စီစဉ်နေကြာင်း အီဒင်ဟာဇတ်ကိုယ်တိုင်က လန်ဒန်ကလပ်တွင်ပျော်ရွှင်နေကြောင်းပြောဖူးသော်လည်း ရီးရဲမက်ဒရစ်အသင်းအနေဖြင့်အရခေါ်ယူနိုင်မည်ဟု မှန်းဆထားကြသည်။

အကယ်၍ ရီးရဲမက်ဒရစ်အသင်းအနေဖြင့် ချယ်ဆီးအသင်း၏ တောင်ပံတိုက်စစ်ကစားသမား အီဒင်ဟာဇတ်ကို ခေါ်ယူခဲ့မည်ဆိုပါက ကမ္ဘာ့စံချိန်တင်အဖြစ် ပေါင်သန်း၁ရာခန့်ကုန်ကျနိုင်ဖွယ်ရှိနေသည်။ ရီးရဲမက်ဒရစ်အသင်းသည် ချယ်ဆီးကစားသမားဟာဇတ်ကို ရီးရဲမက်ဒရစ်အသင်း၏ ကမ္ဘာ့ကျော်တိုက်စစ်အတွဲ BBC ဟုအမည်တွင်သည့် ဘန်ဇီမာ၊ဂါရတ်ဘေးနဲ့ရော်နယ်ဒိုတို့နဲ့အတူ တိုက်စစ်မှာအသုံးပြုဖို့ ခေါ်ယူလုပ်ဆောင်နေခြင်းဖြစ်သည်။

Source-The Sun

Hein 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။