FAဖလားချန်ပီယံ ပရီးမီးယားလိဂ်ကလပ် အာဆင်နယ်အသင်းသည် ယမန်နှစ်ပရီးမီးယားလိဂ် ချန်ပီယံလက်စတာစီးတီးအသင်း၏ တောင်ပံတိုက်စစ်ကစားသမား မာရက်စ်ကို ခေါ်ယူရန် စိတ်ဝင်စားနေကြောင်းသိရှိရသည်။ အာဆင်နယ်အသင်းသည် ယခုနှစ်ပရီးမီးယားလိဂ်တွင် အဆင့်၅သာရရှိခဲ့သော်လည်း အသင်း၏ သက်တော်ရှည်နည်းပြ အာစင်ဝင်းဂါးကို ၂နှစ်စာချုပ်သက်တမ်းဆက်တိုးခဲ့သည်။

အာဆင်နယ်အသင်းအနေဖြင့် ၁၉နှစ်ဆက်တိုက် ချန်ပီယံလိဂ်ဝင်ခဲ့သော်လည်း ယခုနှစ်ပရီးမီးယားလိဂ်တွင် အဆင့်၅သာရရှိခဲ့သောကြောင့် ယူရိုပါလိဂ်ဝင်ခွင့်နဲ့သာကျေနပ်ခဲ့ရကာ လာမည့်ဘောလုံးရာသီတွင် အမှတ်ပေးဖလားနဲ့ဥရောပဖလားများ ရရှိအောင် အသင်း၏ သက်တော်ရှည်နည်းပြ အာစင်ဝင်းဂါးအား ပြောင်းရွှေ့ကြေးအနည်းဆုံးပေါင်သန်း၁ရာခန့် အာဆင်နယ်အသင်း၏ဘုတ်အဖွဲ့မှထုတ်ပေးထားကြောင်းသိရှိရသည်။

ထို့ကြောင့် အာဆင်နယ်အသင်း၏အင်အားကိုဖြည့်တင်းရန် နည်းပြအာစင်ဝင်းဂါးအနေဖြင့် ချန်ပီယံလက်စတာစီးတီးအသင်း၏ တောင်ပံတိုက်စစ်ကစားသမား မာရက်စ်ကိုမျက်စိကျနေခြင်းဖြစ်သည်။ မာရက်စ်သည် ယမန်နှစ်ဘောလုံးရာသီက လက်စတာစီးတီးနဲ့အတူပရီးမီးယားလိဂ်ဖလားဆွတ်ခူးထားပြီး ပရီးမီးယားလိဂ်အကောင်းဆုံးကစားသမားဆုကိုလဲဆွတ်ခူးထားကာ ယခုအပြောင်းအရွှေ့တွင် လက်စတာစီးတီးမှထွက်ခွာခွင့်ပြုရန် နည်းပြနဲ့ဘုတ်အဖွဲ့အားတောင်းဆိုထားသည်။

Source-Bleacher Report UK

Hein 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။