ယူရိုပါလိဂ်ချန်ပီယံ ပရီးမီးယားလိဂ်ကလပ် မန်ချက်စတာယူနိုင်တက်အသင်းသည် အသင်း၏ အထောင်တိုက်စစ်မှူး ဇလာတန်အီဘရာဟီမိုဗစ်၏နေရာတွင် အစားထိုးရန်အတွက် မန်ချက်စတာယူနိုင်တက်အသင်း၏နည်းပြ မော်ရင်ဟိုသည် အဲဗာတန်အသင်း၏တိုက်စစ်မှူးလူကာကူနဲ့ ရီးရဲမက်ဒရစ်အသင်း၏တိုက်စစ်မှူးမိုရာတာကို ပစ်မှတ်ထားလျက်ရှိကြောင်း အင်္ဂလန်မီဒီယာများက ဖော်ပြလျက်ရှိသည်။

ပရီးမီးယားလိဂ်ကလပ် မန်ချက်စတာယူနိုင်တက်အသင်း၏နည်းပြ မော်ရင်ဟိုသည် ယခုရာသီအပြောင်းအရွှေ့တွင် အသင်းမှထွက်ခွာဖွယ်ရှိနေသည့် အထောင်တိုက်စစ်မှူးအီဘရာဟီမိုဗစ်၏နေရာတွင် အစားထိုးရန်အတွက် မူလပထမက စပိန်ကလပ်အက်သလက်တီကိုတိုက်စစ်မှူး ဂရစ်စ်မန်းကိုခေါ်ယူရန် ကြိုးပမ်းခဲ့သော်လည်း အက်သလက်တီကိုအသင်းအနေနဲ့ အပြောင်းအရွှေ့အပိတ်ခံထားရသောကြောင့် ဂရစ်စ်မန်းကိုရောင်းချတော့မည်မဟုတ်သောအခါ ခေါ်ယူရန်လက်လျော့လိုက်သည်။

ထို့ကြောင့် မန်ချက်စတာယူနိုင်တက်အသင်း၏နည်းပြ မော်ရင်ဟိုအနေဖြင့် အခြား ငယ်ငယ်ရွယ်ရွယ်တိုက်စစ်မှူးများဖြစ်ကာ အဆုံးသတ်သေချာသောကစားသမားများဖြစ်သည့် အင်္ဂလန်ပရီးမီးယားလိဂ်ကလပ်အဲဗာတန်အသင်း၏တိုက်စစ်မှူးလူကာကူနဲ့ စပိန်လာလီကလပ်ရီးရဲမက်ဒရစ်အသင်း၏တိုက်စစ်မှူးမိုရာတာကို မန်ချက်စတာယူနိုင်တက်အသင်းအသင်း၏တိုက်စစ်မြားဦးနေရာဖြစ်သည့် အထောင်တိုက်စစ်နေရာအတွက် ခေါ်ယူရန်ကြံရွယ်နေသည်။

Source-Daily Mail Football

Hein 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။