ချစ်ပရိသတ်ကြီးရေ Missဆုကို ထိုက်တန်စွာရရှိထားတဲ့ မော်ဒယ်လ် မင်းသမီးချောလေး ဟန်သီကတော့ နိုင်ငံခြားသူတစ်ယောက်လို ဆွဲဆောင်မှုရှိတဲ့ ဗိုလ်ဆန်တဲ့အလှလေးတွေကို ပိုင်ဆိုင်ထားပြီး စိတ်ထားလေးကလည်းဖြူစင်လွန်းတာကြောင့် ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အခိုင်အမာရရှိထားတဲ့ သူလေးပဲ ဖြစ်ပါတယ်။ သူမက ပိန်ပိန်ပါးပါးခန္ဓာကိုယ်လေးကို ပိုင်ဆိုင်ထားပြီး စကားပြောဟန်လေးတွေကလည်း ချစ်စရာကောင်းလွန်းတာကြောင့် ပုရိသယောကျာ်းလေးပရိသတ်တွေရဲ့ အသည်းစွဲ မင်းသမီး တစ်ယောက်ဆိုရင်လည်း မမှားနိုင်ပါဘူးနော်..... ။

Photo credit - Khaing Htet Naing photography

ဟန်သီက အနုပညာလှုပ်ရှားမှုတွေကို ဆက်တိုက်လုပ်ဆောင်နေပြီး photo shooting တွေနဲ့ ကြော်ငြာတွေကိုလည်း အမိုက်စားဖက်ရှင်တွေကို ဝတ်ဆင်ပြီး ရိုက်ကူးလေ့ရှိတာကြောင့် မြင်သူတကာငေးရတဲ့ သူလေးလည်းဖြစ်ပါတယ်။ အခုလက်ရှိမှာတော့ ဟန်သီက အနုပညာလှုပ်ရှားမှုတွေကို ရပ်ဆိုင်းထားပြီး အိမ်မှာပဲ သူမ ဝါသနာပါတဲ့ ကိုယ်လက်လေ့ကျင့်ခန်းတွေကို လုပ်ဆောင်ကာ ပရိသတ်တွေအလွမ်းပြေစေရန်အတွက် နေ့စဥ်လှုပ်ရှားမှု ပုံရိပ်လေးတွေကို တင်ပေးလေ့ရှိတာလည်းဖြစ်ပါတယ်။

Photo credit - Khaing Htet Naing photography

ဟန်သီက မကြာသေးမီက သူမရဲ့ ဖေ့ဘွတ်စာမျက်နှာပေါ်မှာ ယခင်က ကိုရီးယားကို သွားရောက်ခဲ့တဲ့ အမှတ်တရပုံရိပ်လေးတွေကို တင်ပေးလါတာပဲဖြစ်ပါတယ်။ ချစ်ပရိသတ်ကြီး က ဟန့သီရဲ့ ပုံလေးတွေကို ကြည့်ပြီး အချစ်ပိုနေမှာ အသေအချာပဲမို့ ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော် ။ ဟန်သီရဲ့ ဆက်လက်လျှောက်လှမ်းမယ့် အနုပညာလှုပ်ရှားမှုတွေကိုလည်း ချစ်ပရိသတ်ကြီး က အားပေးလိုက်ကြပါအုန်းနော်...... ။

Photo credit - Khaing Htet Naing photography

Photo credit - Khaing Htet Naing photography

Source - Han Thi's facebook account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။