ချစ်ပရိသတ်ကြီးရေ တေးဂီတလောကမှာ အသက်ငယ်ငယ်လေးနဲ့ အောင်မြင်ကျော်ကြားတဲ့ Rapအဆိုတော်မလေးကတော့ တေးသံရှင် မိစန္ဒီ ပဲ ဖြစ်ပါတယ်။ သူမက အသံပါဝါကောင်းကောင်းနဲ့ စင်မြင့်ထက်မှာယုံကြည်မှုရှိစွာ သီဆိုရင်း ပရိသတ်ရင်ထဲ အချိန်တိုလေးအတွင်းမှာ နေရာတစ်နေရာ အခိုင်အမာ ရယူထားနိုင်တဲ့ သူတစ်ယောက်ဆိုရင်လည်းမမှားနိုင်ပါဘူးနော် ။ ဒါ့အပြင် သူမက လူအများအပေါ်မှာ ရိုးသားပွင့်လင်းစွာပြောဆို ဆက်ဆံတက်တာကြောင့် သူမရဲ့ ချစ်ပရိသတ်တွေသာမကပဲ အနုပညာရှင် အချင်းချင်းကပါ အချစ်ပိုနေကြတာပဲဖြစ်ပါတယ်.....။

Photo credit - Mi Sandi's facebook page
Photo credit - Mi Sandi's facebook page

သူမရဲ့ လတ်တလောအနုပညာလှုပ်ရှားမှုအနေနဲ့ကတော့ အယ်လ်ဘမ်အသစ်တွေထွက်ဖို့ရှိနေပြီး ကြော်ငြာလေးတွေလည်း လက်ခံရိုက်ကူးပေးနေတာပဲဖြစ်ပါတယ်။

အခုလက်ရှိမှာ ကိုရိုနာဗိုင်းရပ်ရောဂါ ကူးစက်ပြန့်ပွားမှုကြောင့် မြန်မာပြည်သူပြည်သားတွေ အိမ်မှာပဲ နားနေရတာပဲဖြစ်ပါတယ်။ အဆိုတော် မိစန္ဒီကလည်း အနုပညာလှုပ်ရှားမှုတွေကို ရပ်ဆိုင်းထားပြီးအိမ်မှာပဲ နားနားနေနေ နေထိုင်နေတာလည်းဖြစ်ပါတယ်.....။

Photo credit - Mi Sandi's facebook page
Photo credit - Mi Sandi's facebook page

မိစန္ဒီက မကြာသေးမီက သူမရဲ့ ဖေ့ဘွတ်စာမျက်နှာ ပေါ်မှာ " ဒီလို အချိန်မှာ အစာများများစားပါ..

ဝိတ်တက်လာလို့ ဝလာတယ် မလှဘူးပြောခံရရင် ပြောတဲ့သူတွေကို လည်း ကိုက်စားလိုက်ပါ..

စားမယ်... ဝေါင်း " ဆိုတဲ့ စာသားလေးနဲ့အတူ ဖက်ရှင်အလန်းစားလေးကို ဝတ်ဆင်ကာ အမိုက်စားပိုစ့်လေးတွေနဲ့ ဓာတ်ဖမ်းထားတဲ့ ပုံလေးတွေကို တင်ပေးလါတာကြောင့် ချစ်ပရိသတ်ကြီး ကြည့်ရှုရင်း အချစ်ပိုမိစေမှာ အသေအချာပဲမို့ ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်..... ။ မိစန္ဒီရဲ့ ပုံလေးတွေကို ကြည့်ပြီး ချစ်ပရိသတ်ကြီး က အသည်းလေးတွေပေးခဲ့ဖို့ မမေ့လိုက်ပါနဲ့အုန်းနော်..... ။

Photo credit - Mi Sandi's facebook page

Source & Photo credit - Mi Sandi's facebook page 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။