မြန်‌မာအသင်‌းမကာအိုကိုအနိုင်‌ရပါ့မလား

ဇွန်‌လ(၁၃)ရက်‌‌နေ့မှာမြန်‌မာအသင်‌းဟာအာရှဖလား‌ခြေစစ်‌ပွဲအဖြစ်‌မကာအိုအသင်‌းနဲ့အ‌ဝေးကွင်‌းသွား‌ရောက်‌ကစားရမှာပါ။

မြန်‌မာ‌ရောမကာအိုပါအုပ်‌စုတွင်‌းပြိုင်‌ဘက်‌‌တွေဖြစ်‌တဲ့အိန္ဒိယန့ကာဂျစ္စတန်‌ကိုရှုံးနိမ်‌့ထားတာမို့ဒီပွဲဟာ၂သင်‌းစလုံးအတွက်‌အ‌ရေးကြီးတဲ့ပွဲပါ။၂၀၀၉ ခုနှစ်‌က ကစားခဲ့တဲ့‌ခြေစမ်‌းပွဲမှာ‌တော့

မြန်‌မာအသင်‌းကမကာအို‌လေးဂိုးဂိုးမရှိရလဒ်‌နဲ့အနိုင်‌ယူထားဘူးပါတယ်‌။

ဒီတစ်‌ကြိမ်‌မှာ‌ရောမြန်‌မာအသင်‌းနိုင်‌ပါ့မလား။အုပ်‌စုတွင်‌းထိပ်‌ဆုံး၂သင်‌းသာUAE မှာကျင်‌းပတဲ့အာရှဖလားကိုဝင်‌‌ရောက်‌ယှဉ်‌ပြိုင်‌ခွင်‌့ရမှာမို့ အိန္ဒိယကို ရှုံးနိမ်‌့ထားတဲ့မြန်‌မာအသင်‌းမကာအိုကိုမဖြစ်‌မ‌နေအနိုင်‌ရယူဖို့လိုပါတယ်‌။မကာအိုနဲ့ကစားဖို့‌ရွေးချယ်‌ထားတဲ့လူစာရင်‌းကိုကြည်‌့မယ်‌ဆိုရင်‌‌‌ရှေ့မှာ‌ကျော်‌ကိုကို၊‌အောင်‌သူပါ။‌ကျော်‌ကိုကို ဟာရန်‌ကုန်‌အသင်‌းမှာ‌ဂိုး‌ပေါက်‌‌ပျောက်‌‌နေပါတယ်‌။‌အောင်‌သူက‌တော့ဂိုး‌တွေသွင်‌း‌နေ‌ပေမယ်‌့ပွဲပန်‌းတဲ့ဒဏ်‌ကိုခံ‌နေရပါတယ်‌။‌နောက်‌တစ်‌‌ယောက်‌က ချင်‌းအသင်‌းကို‌ပြောင်‌းသွားတဲ့သန်‌းပိုင်‌ပါ။‌သူက‌တော့ပွဲပန်‌းမှုမရှိဘဲအင်‌ပြည်‌့အားပြည်‌့‌ဆော့နိုင်‌မယ်‌့အ‌နေအထားပါ။‌ကျော်‌ကိုကို ‌-‌အောင်‌သူ အတွဲလား၊ယူ၁၉ တိုက်‌စစ်‌အတွဲဖြစ်‌တဲ့သန်‌းပိုင်‌ -‌အောင်‌သူလား၊‌ဆူဇူကီးတုန်‌းကလိုမျိုး‌အောင်‌သူတစ်‌‌ယောက်‌တည်‌းအ‌ထောင်‌ထား‌ဆော့မလားဆိုတာ‌တော့နည်‌းပြကြီးဂတ်‌ဆုံးဖြတ်‌မှာ‌ပါ။

အလယ်‌တန်‌းမှာ‌တော့ မင်‌းမင်‌းသူပြန်‌ပါလာတာအားရစရာပါ။မင်‌းမင်‌းသူရဲ့‌ဘောလုံးအမြင်‌‌တွေ၊တိကျလှတဲ့‌ပေးပို့မှု‌တွေဟာ‌တိုက်‌စစ်‌မှူး‌တွေအတွက်‌‌သေချာ‌ပေါက်‌အကျိုးရှိ‌စေမှာပါ။ ရန်‌‌အောင်‌‌ကျော်‌က‌တော့သူကစား‌နေကျ‌ရောအတိုင်‌း Defesive Midfieldပုံစံပဲကစားသွားမှာပါ။ ပြီးခဲ့တဲ့အိန္ဒိယနဲ့ပွဲမှာစည်‌သူ‌အောင်‌၊ရန်‌နိုင်‌ဦး က‌ို ‌‌တောင်‌ပံပုံစံကစား‌စေခဲ့တယ်‌။‌ဒါ‌ပေမယ့လတ်‌တ‌လောမှာ‌ခြေစွမ်‌းပြ‌နေတဲ့‌မောင်‌‌မောင်‌လွင်‌စည်‌သူ‌အောင်‌‌နေရာမှာဝင်‌ကစားဖို့များပါတယ်‌။တင်‌ဝင်‌း‌အောင်‌နဲ့မျိုးကိုထွန်‌းက‌တော့အ‌ကောင်‌းဆုံးပုံစံရ‌နေတာမို့ဒီတစ်‌ခါမြန်‌မာအလယ်‌တန်‌းက‌တော့ရှယ်‌ပဲလို့‌ပြောပရ‌စေ။

‌နောက်‌တန်‌းက‌တော့ ‌ဇော်‌မင်‌းထွန်‌းဦး‌ဆောင်‌လာမှာဖြစ်‌ပြီးပြီးရှမ်‌းအသင်‌းကဝင်‌းမင်‌းထွတ်‌ကိုပြန်‌လည်‌‌ရွေးချယ်‌ထားပါတယ်‌။ ‌နောက်‌တန်‌းအစွန်‌‌နေရာ‌တွေမှာ‌တော့သိန်‌းသန်‌းဝင်‌းနဲ့‌ကျော်‌ဇင်‌လွင်‌ကစားဖို့များပါတယ်‌။ဂိုးသမားက‌တော့ရှမ်‌းအသင်‌းမှာပုံမှန်‌လက်‌စွမ်‌းပြန်‌ရ‌နေတဲ့သီဟစည်‌သူ‌ပေါ့။

ဒီလူစာရင်‌း ဒီ‌ခြေစွမ်‌း‌တွေနဲ့ဆိုရင်‌မကာအိုကိုမနိုင်‌စရာအ‌ကြောင်‌းမရှိပါဘူး။

တကယ်‌နိုင်‌မနိုင်‌က‌တော့ဇွန်‌လ ၁၃ ရက်‌‌နေ့မှပဲသိရမှာ‌ပေါ့‌နော်‌။

agu

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။