ချစ်ပရိသတ်ကြီးရေ ပြည့်တင်းလှပတဲ့ခန္ဓာကိုယ်အချိုးအစားနဲ့ ပုရိသယောကျာ်းလေးပရိသတ်တွေရဲ့ရင်ကိုလှုပ်ခတ်စေနိုင်တဲ့ သရုပ်ဆောင် မင်းသမီးချောလေး ဘေဘီမောင်ကို ပရိသတ်ကြီးရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်နော်။ ဘေဘီမောင်က ယခင်က sexy modelတစ်ယောက်အနေနဲ့ အနုပညာလောကထဲ စတင်ဝင်ရောက်လာခဲ့ပြီး

နောက်ပိုင်းမှာ ဗီဒီယိုဇာတ်ကားများ၊ရုပ်ရှင်ကားကြီးများလည်း ရိုက်ကူးအောင်မြင်လာခဲ့တဲ့ မင်းသမီးချောလေးဖြစ်ပါတယ်။

Photo credit - Baby Maung's facebook account
Photo credit - Baby Maung's facebook account

သူမက အနုပညာလောကမှာ အောင်မြင်မှုများစွာ ရရှိထားရုံသာမကပဲ အချစ်ရေးမှာလည်း မြင်သူတကာ အားကျလောက်တဲ့ အချစ်ရေးကို အဆိုတော် သားဂန်းနဲ့အတူ နားလည်မှုအပြည့်နဲ့တည်ဆောက်ထားတာလည်း ဖြစ်ပါတယ်။ ဘေဘီက အနုပညာလှုပ်ရှားမှုတွေနဲ့ နေ့စဥ်လှုပ်ရှားမှု ပုံရိပ်လေးတွေကို ဖေ့ဘွတ်စာမျက်နှာကနေ မကြာခဏဆိုသလို တင်ပေးလေ့ရှိတာကြောင့် ပရိသတ်တွေနဲ့ အမြဲအဆက်အသွယ်ရှိနေတာလည်းဖြစ်ပါတယ်။

Photo credit - Baby Maung's facebook account
Photo credit - Baby Maung's facebook account

ယခုမှာလည်း သူမငယ်ငယ်တုန်းက အမှတ်တရပုံရိပ်လေးတွေ တင်ရင်း " ဘယ်သူလေးလဲလို့သေချာပြန်ကြည့်ရတယ် အော် ဘေဘီမောင်ပါလားပေါ့ဟီး အဲ့တုန်းက ၉တန်းကျောင်းသူလေး သန္တာဇော်ပါလို့ " ဆိုတဲ့ စာသားလေးနဲ့အတူ ချစ်စရာကောင်းတဲ့ ပုံရိပ်လေးတွေကို တင်ပေးလါတာကြောင့် ချစ်ပရိသတ်ကြီး ကြည့်ရင်း အချစ်ပိုမိစေမှာ အသေအချာပဲမို့ ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်... ။ ဘေဘီရဲ့ ငယ်ငယ်တုန်းက ပုံလေးကို ကြည့်ပြီး အသည်းလေးတွေပေးခဲ့ဖို့ မမေ့လိုက်ပါနဲ့အုန်းနော်..... ။ 

Photo credit - Baby Maung's facebook account
Photo credit - Baby Maung's facebook account

Source & Photo credit - Baby Maung's facebook account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။