ချစ်ပရိသတ်ကြီးရေ သရုပ်ဆောင် မင်းသားကြီး ကျော်သူကတော့ တစ်ခေတ်တစ်ခါကတည်းက အနုပညာလောကမှာ လျှမ်းလျှမ်းတောက် အောင်မြင်ကျော်ကြားလာခဲ့သူတစ်ယောက်ပဲ ဖြစ်ပါတယ်။ ဒ့ါအပြင် ကျော်သူက အနုပညာအလုပ်တွေသာမက လူမှုရေးအကျိုးပြု ပရဟိတ အလုပ်တွေကိုပါ ကိုယ်ကျိုးမငဲ့ပဲ ရှေ့မှဦးဆောင်လုပ်ကိုင်နေတဲ့ အနုပညာရှင်တစ်ယောက်လည်း ဖြစ်ပါတယ် ။ 

Photo credit - Kyaw Thu's facebook account
Photo credit - Kyaw Thu's facebook account
Photo credit - Kyaw Thu's facebook account

ကျော်သူက လူငယ်တွေကိုလည်း အမြဲလိုလို ဆုံးမညွှန်ပြလေ့ရှိပြီး အခုမှာလည်း သူရဲ့ ဖေ့ဘွတ်စာမျက်နှာကနေ ငယ်ဘဝက ပုံရိပ်လေးတွေကို တင်ပေးလါရင်း " မိုက် တယ်ကွာ...ဂေါ် တယ်ကွာ...ဟော့ တယ်ကွာ...လန်း တယ်ကွာ... လို့ ပြောနေမယ့်အစား ငါ အဲဒီအရွယ်မှာ လူမှုကောင်းကျိုး ဘာတွေများလုပ်ခဲ့လဲ?လက်ရှိ အချိန်မှာကော အများကောင်းကျိုးတွေလုပ်နေသလား?ဒါကို ပြန်ပြီးသုံးသပ်ပါ။

ငယ်ဘဝ ဆိုတာပြန်မရနိုင်ဘူး။

ငယ်ဘဝ ကထဲက စိတ်မလေဘဲ လူမှုကောင်းကျိုးတွေကို နိုင်သလောက်လုပ်ပေးခဲ့ရင် ကြီးဘဝမှာငြိမ်းချမ်းမှာ အသေအချာဘဲ။ 

Photo credit - Kyaw Thu's facebook account
Photo credit - Kyaw Thu's facebook account
Photo credit - Kyaw Thu's facebook account

ငယ်ဘဝ မှာ "လူငယ်" ဆိုတဲ့ ပညတ်ကိုခုတုံးလုပ်ပြီး ကဲချင်သလိုကဲ၊ဆိုးချင်သလိုဆိုး၊မိုက်ချင်သလိုမိုက်ခဲ့ကြရင်တော့ ကြီးလာတဲ့အချိန်ရောက်ရင် ကောင်းမှုတွေကိုပြန်အဖတ်ဆယ်ရတာ

မောပါ့ကွာ...မောပါ့။ ဒါဟာ....ငါ ပြန်မရနိုင်တော့တဲ့ငါ့ဘဝနဲ့ရင်းပြီး ခံစားခဲ့ရတဲ့ဖြစ်ရပ်ဟောင်းတွေ၊ လုပ်ရပ်ဟောင်းတွေရဲ့ပြစ်ချက်၊ဆိုးချက်တွေပါ။

ဒါကို အထူး တိကျ သေချာ လေးနက်စွာ

သင်္ခဏ်းစာယူကြပါ လူငယ်အပေါင်းတို့...။မေတ္တာ စေတနာ အရင်းခံလျက်..........

သက်ရှည်ကျန်းမာချမ်းသာ သောကကင်းကြပါစေ.... ကျော်သူ ။" ဆိုတဲ့ စာသားလေးကို ရေးသားထားတာကြောင့် ချစ်ပရိသတ်ကြီး ကြည့်ရှုစေနိုင်ရန် အတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်.... ။

Photo credit - Kyaw Thu's facebook account
Photo credit - Kyaw Thu's facebook account
Photo credit - Kyaw Thu's facebook account
Photo credit - Kyaw Thu's facebook account
Photo credit - Kyaw Thu's facebook account
Photo credit - Kyaw Thu's facebook account

Source & Photo credit - Kyaw Thu's facebook account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။