တက်သစ်စ သရုပ်ဆောင် မင်းသမီးချောလေး ခေးဆက်သွင်ကတော့ ပီပြင်လှတဲ့ သရုပ်ဆောင်မှုတွေကြောင့် ပရိသတ်တွေရဲ့ ရင်ထဲကို အချိန်တိုလေးအတွင်း ဝင်ရောက်လာနိုင်ခဲ့တဲ့ သူလေးပဲ ဖြစ်ပါတယ် ။

ဇာတ်လမ်းတွဲတွေမှာ အများဆုံးပါဝင်သရုပ်ဆောင်လေ့ရှိတဲ့ သူမက ကြော်ငြာတွေနဲ့ photo shooting တွေကိုလည်း ဆက်တိုက်ရိုက်ကူးနေရပြီး အောင်မြင်မှု အသင့်အတင်ရရှိနေတဲ့ သူတစ်ယောက်လည်းဖြစ်ပါတယ်။ 

Photo credit - Khay Sett Thwin's facebook page
Photo credit - Khay Sett Thwin's facebook page

ခေးဆက်သွင်က အေးချမ်းပြီး ဆွဲ​ဆောင်မှုရှိတဲ့ အပြုံးချိုချိုလေးတွေကို ပိုင်ဆိုင်ထားသူဖြစ်လို့ ပုရိသတို့အသည်းစွဲ အားပေးဝန်းရံခြင်းကို အပြည့်အဝရရှိထားတဲ့ သူဆိုရင်လည်း မမှားနိုင်ပါဘူးနော် ။ ဒါ့အပြင် ခေးဆက်သွင်က လူအများအပေါ်မှာ ဖော်ဖော်ရွေရွေ ဆက်ဆံတက်ပြီး ယဥ်ကျေးချိုသာစွာပြောဆိုတက်တဲ့ အပြုအမူလေးတွေကြောင့် သူမရဲ့ ချစ်ပရိသတ်တွေသာမကပဲ အနုပညာရှင် အချင်းချင်းကပါ ချစ်ခင်နေကြတာပဲဖြစ်ပါတယ်။

Photo credit - Khay Sett Thwin's facebook page
Photo credit - Khay Sett Thwin's facebook page

လတ်တလောမှာ MRTV-4က ထုတ်လွှင့်ပြသနေတဲ့ အရိပ်ဆိုတဲ့ ဇာတ်လမ်းတွဲလေးထဲမှာ ခေးဆက်သွင်က အမာညို အဖြစ်ပါဝင်သရုပ်ထားတာပါနော်။ သူမက မကြာသေးမီက ဖေ့ဘွတ်စာမျက်နှာပေါ်မှာ "

အမာညိုတို့များ ရည်းစားနဲ့ချိန်းတွေ့တာ အကိုနဲ့မှတည့်တည့်တိုးရတယ်လို့နော်" ဆိုတဲ့ စာသားလေးနဲ့အတူ ဇာတ်လမ်းတွဲလေးထဲက ပုံရိပ်လေးတွေကို တင်ပေးလါတာကြောင့် ချစ်ပရိသတ်ကြီး ပြန်လည်ကြည့်ရှုစေနိုင်ရန်အတွက် မျှဝေပေးလိုက်ပါတယ်နော်......။

Photo credit - Khay Sett Thwin's facebook page
Photo credit - Khay Sett Thwin's facebook page

Source & Photo credit - Khay Sett Thwin's facebook page 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။